သတင်း

ပဲခူးမြို့၌ စီမံကိန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်ပွဲကျင်းပ

2025-06-09

ပဲခူးမြို့၌ စီမံကိန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်ပွဲကျင်းပ

ပဲခူး  ဇွန် ၉

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးအတွင်းရှိ ဝန်ထမ်းများ စွမ်းဆောင်ရည် ယခင်ကထက်ပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ စီမံကိန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့ရှိ အဆိုပါ ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးရန်မျိုးနိုင်က အမှာစကားပြောကြားပါသည်။

ဆက်လက်၍  တက်ရောက်လာသော သင်တန်းသူ သင်တန်းသားများမှ တစ်ဦးချင်း မိတ်ဆက်ကြပြီး   ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မိုးဝေက သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များကို ရှင်းလင်းတင်ပြပါသည်။

အဆိုပါ  စီမံကိန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကွပ်ကဲမှုအောက်ရှိ ခရိုင်၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများမှ ဝန်ထမ်း(၂၀)ဦးအား ဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များ၊ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ကျွမ်းကျင်နည်းပြများက ငါးရက်ကြာ စာတွေ့လက်တွေ့ ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

အခြားသတင်းများ
DRD Smart Village
Install App for Better Experience