သတင်း

သန်လျင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ကျေးလက်လမ်း/တံတားလုပ်ငန်းများတည်နေရာသတ်မှတ် ရှင်းလင်းဆွေးနွေးပွဲ

2025-06-09

     သန်လျင် ဇွန် ၇

    ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်ထောင်စု/ တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကရင်ဆိပ်ကျေးရွာရှိ ကရင်ဆိပ်ကျေးရွာအဝင်လမ်း ကွန်ကရစ်ခင်းခြင်း၊ ကုလားတန်းချောင်းကူးတံတား တည်ဆောက်ခြင်းနှင့် ဘယက်ကျေးရွာအဝင် ကျောက်လမ်းခင်းခြင်း လုပ်ငန်း၏ လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်ကို ကျေးရွာတာဝန်ရှိသူများအား ဇွန် ၂ ရက်က မြို့နယ်ဦးစီးအရာရှိ ဒေါ်ရည်မွန်သိမ့်က ရှင်းလင်းဆွေးနွေးစဉ်။

သန်းဝင်း(သန်လျင်)

အခြားသတင်းများ
DRD Smart Village
Install App for Better Experience