သတင်း

အုတ်တွင်းမြို့နယ်ရှိ သမဝါယမအသင်းများစိုက်ပျိုးသည့် ထိုင်းနှံကောက်စပါးများထွက်ရှိ

2025-06-06

ပဲခူး  ဇွန်    ၆

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၌ မြို့နယ်သမဝါယမအသင်းစု၏ ပံ့ပိုးငွေဖြင့် ထိုင်းနှံ ကောက်အမျိုးအစားစပါးများကို ရေလျှံစိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်းတွင် စိုက်ဧက ၄၀ ၊ နတ်စဉ်ကုန်းစိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်းတွင် စိုက်ဧက ၂၅ ဧက၊ ဘန့်ဘွေးကုန်း-၃ စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်းတွင် စိုက်ဧက ၂၅ ဧကတို့ကို စိုက်ပျိုးထားရှိပြီး အဆိုပါစပါးများ ရိတ်သိမ်းရာ တစ်ဧကလျှင် ပျှမ်းမျှ အထွက်နှုန်းတင်း ၁၀၀ ကျော်ခန့် ထွက်ရှိခဲ့ကြောင်း သိရသည်။

အခြားသတင်းများ
DRD Smart Village
Install App for Better Experience