သတင်း

ပုဗ္ဗသီရိမြို့နယ် ကြံတဲစုကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေထုတ်ချေး

2025-06-06

ပုဗ္ဗသီရိမြို့နယ် ကြံတဲစုကျေးရွာ၌  မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေထုတ်ချေး

နေပြည်တော်    ဇွန်    ၆

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး မိသာစုဝင်ငွေတိုးပွားလာကာ ကျေးလက်ဒေသဆင်းရဲမှုနှုန်းလျော့ကျစေရန် ရည်ရွယ်၍ ဖြုတ်ခွဲကျေးရွာအုပ်စု၊ ကြံတဲစုကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ဒသမအကြိမ် ထုတ်ချေးခြင်းကို ဇွန် ၅ရက် နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပုဗ္ဗသီရိမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကိုကိုက ကြံတဲစုကျေးရွာရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များ၊ အသင်းသား၊ အသင်းသူများနှင့်တွေ့ဆုံကာ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်၊  အကျိုးကျေးဇူးများ၊ စီမံကိန်းလက်စွဲစာစောင်ပါအကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ စီမံကိန်းတာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်ဇာနည်ဝင့်က စီမံကိန်းစက်ဝန်းကာလနှင့် အတိုးနှုန်းသက်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ် ချက်များကိုရှင်းလင်းပြောကြားပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ ရန်ပုံငွေ များ လွှဲပြောင်းပေးအပ်သည်၊၊

ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ကြံတဲစုကျေးရွာရှိ စိုက်ပျိုးရေးလုပ်ကိုင်သူ ၆၄ဦးကို ငွေကျပ် ၃၂၆သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၄၂ဦးကို ငွေကျပ် ၁၇၈သိန်း၊  အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ သုံးဦးကို ငွေကျပ် ၁၅သိန်း၊ စုစုပေါင်း အသင်းသား၊ အသင်းသူ ၁၀၉ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ် ရန်ပုံငွေကျပ် ၅၁၉သိန်းအား တစ်ဦးချင်းလက်ဝယ်အရောက် အတိုးနှုန်းသက်သာစွာ ထုတ်ချေးပေး ခဲ့ကြောင်း သိရသည်၊၊

နော်လူး

အခြားသတင်းများ
DRD Smart Village
Install App for Better Experience