သတင်း

တောင်တွင်းကြီးမြို့နယ် ကံလှကန်ကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသဘာဝမြေသြဇာနှင့် EM ဖျော်ရည်ပြုလုပ်နည်းသင်တန်းဖွင့်ပွဲ ကျင်းပ

2025-06-05

တောင်တွင်းကြီးမြို့နယ် ကံလှကန်ကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသဘာဝမြေသြဇာနှင့် EM ဖျော်ရည်ပြုလုပ်နည်းသင်တန်းဖွင့်ပွဲ ကျင်းပ
တောင်တွင်းကြီး၊ ဇွန် ၅
   မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅- ၂၀၂၆ခုဘဏ္ဍာရေးနှစ်တွင် တောင်တွင်းကြီးမြို့နယ် ကံလှကန်ကျေးရွာအုပ်စု၊ ကံလှကန်ကျေးရွာ၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သဘာဝမြေဩဇာပြုလုပ်နည်းနှင့် EM ဖျော်ရည်ပြုလုပ်နည်းသင်တန်းဖွင့်ပွဲအခမ်းအနားကိုဇွန် ၄ရက်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
    ရှေးဦးစွာ မကွေးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ဆန်းဌေးက သင်တန်းဖွင့်အမှာစကားပြောကြားပြီး တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန်က သဘာဝမြေသြဇာပြုလုပ်နည်းနှင့်EM ဖျော်ရည်ပြုလုပ်နည်းသင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်များ၊ သင်တန်းမှ ရရှိလာမည့်  အကျိုးကျေးဇူးများနှင့် သင်တန်းသားများအနေဖြင့် သင်တန်းတွင်သင်ကြားပို့ချပေးမည့် သင်ခန်းစာများကို ကြိုးစားသင်ယူမှတ်သားကြစေလိုကြောင်း၊ သင်တန်းကာလပြီးဆုံးသည့်တိုင် စိတ်ပါဝင်စားစွာလက်တွေ့ နယ်ပယ်တွင် အသုံးချနိုင်သည်ထိ သင်ယူကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။
   ဆက်လက်၍ သင်တန်းနည်းပြဆရာများကသင်တန်းစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားပြီး သင်တန်းသားများကို သဘာဝမြေဩဇာပြုလုပ်နည်းများ လက်တွေ့သင်ကြားပို့ချပေးခဲ့သည်။
    အဆိုပါ သဘာဝမြေသြဇာနှင့် EM ဖျော်ရည်ပြုလုပ်နည်းသင်တန်းဖွင့်ပွဲသို့ ကံလှကန်ကျေးရွာမှ  သင်တန်းသားဦးရေ ၂၀ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီးသင်တန်းကို ဇွန်လ ၄ရက်မှ ဇွန်လ ၆ရက်ထိသုံးရက်ကြာ အခမဲ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး
ဦးခုတ်မွန်းလျန်က ပြောပြ၍ သိရသည်။
နွဲ့ယဥ်

အခြားသတင်းများ
DRD Smart Village
Install App for Better Experience