သတင်း

တိုက်ကြီးမြို့နယ်၊ တိုက်ကြီးကုန်းကျေးရွာ၌ ဝင်ငွေတိုးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်

2025-06-04

တိုက်ကြီး၊ ဇွန် ၃

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မှော်ဘီခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန အနေဖြင့် ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ် အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းဖြင့် ဆောင်ရွက်မည့် စက်ချုပ်နည်းပညာသင်တန်းကို ယနေ့ နံနက်ပိုင်းက လှည်းကူးမြို့နယ်၊‌‌တာဂွကျေးရွာအုပ်စု၊‌ တိုက်ကြီးကုန်းကျေးရွာ၊‌ ပုဗ္ဗာရုံကျောင်းတိုက်၌ ဖွင့်လှစ်သည်။

          အခမ်းအနားသို့ မှော်ဘီခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ စီမံကိန်းကော်မတီဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ကြပါသည်။

          အဆိုပါ သင်တန်းဖွင့်ပွဲတွင် မှော်ဘီခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီး မှူးက ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ စီမံကိန်းလုပ်ငန်း ဆောင်ရွက်နိုင်မှုအခြေအနေများ၊ ရည်ရွယ်ချက်များနှင့် အကျိုး‌‌ကျေးဇူးများ၊ လုပ်ငန်းထူထောင်နိုင်ရန် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ် မည့် အစီအစဉ်များအား ရှင်းလင်းပြောကြားသည်။

          အဆိုပါ စက်ချပ်နည်းပညာသင်တန်းကို သင်တန်းသား(၁၅)ဦးအား ကိုယ်ပိုင်လုပ်ငန်း ထူထောင်နိုင်သည်အထိ (၁)လကြာ စာတွေ့ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းဆင်း များထဲမှ အမှန်တကယ်ကိုယ်ပိုင်လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသား (၅)ဦးအား သတ်မှတ် ချက်များနှင့်အညီရွေးချယ်ပြီး လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါ သည်။

အခြားသတင်းများ
DRD Smart Village
Install App for Better Experience