သဲကုန်းမြို့နယ် မအူကန်ကျေးရွာ၌ စက်ရေတွင်းတူးဖော်နိုင်ရေး Geophysical Survey တိုင်းတာမှုများပြုလုပ်
2025-06-04
သဲကုန်းမြို့နယ် မအူကန်ကျေးရွာ၌ စက်ရေတွင်းတူးဖော်နိုင်ရေး Geophysical Survey တိုင်းတာမှုများပြုလုပ်
သဲကုန်း ဇွန် ၄
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မအူကန်ကျေးရွာ၌ ရေရရှိရေး စက်ရေတွင်းတူးဖော်နိုင်ရန်အတွက် မြေအောက်ရေ အောင်းလွှာတည်ရှိနိုင်မည့်နေရာ သိရှိနိုင်ရေး ယနေ့ နံနက်ပိုင်းက Geophysical Survey တိုင်းတာမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ Geophysical Survey တိုင်းတာမှုများပြုလုပ်ရာတွင် နတ်တလင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဌေးလွင်စိုး ၊ သဲကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထက်နောင်၊ အကြီးတန်းစာရေး ဦးပြည်စုံနှင့်ဝန်ထမ်းများက ကျေးရွာမှ တာဝန်ရှိသူများနှင့်အတူ စက်ရေတွင်းတူးဖော်နိုင်ရေးအတွက် မြေအောက်ရေအောင်းလွှာ တည်ရှိ နိုင်မည့်နေရာများအားသိရှိနိုင်ရေး လက်တွေ့ကွင်းဆင်းကာ Geophysical Survey တိုင်းတာမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
Geophysical Survey တိုင်းတာခြင်းဆိုသည်မှာ မြေလွှာများအတွင်းသို့ လျှပ်စစ်ဖြတ်သန်းစီးဆင်းစေပြီး မြေလွှာ တစ်ခုချင်းအလိုက် လျှပ်စစ်ခုခံမှုတန်ဖိုး(အုမ်းမီတာ)ကို တိုင်းတာတွက်ချက်ခြင်းဖြင့် မြေအောက်ရေအောင်းလွှာ၏ အနေအထားကို ဖော်ထုတ်လေ့လာခြင်းဖြစ်ကြောင်း၊ Geophysical Survey တိုင်းတာခြင်းကြောင့် ကောင်းမွန်သည့် မြေအောက်ရေအောင်းလွှာတည်ရှိမည့်နေရာကို အလွယ်တကူခန့်မှန်းသိရှိစေနိုင်ပြီး စက်ရေတွင်းတူးဖော်ပေးရာတွင် ရေထွက်နည်းခြင်း၊ ရေအရည်အသွေးကောင်းမွန်မှုမရှိခြင်းစသည့် အခက်အခဲများလျော့နည်းစေနိုင်ကြောင်း ဘဏ္ဍာငွေလေလွင့်ဆုံးမှုနည်းပါးစေကြောင်း နတ်တလင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးက ပြောပြ၍ သိရသည်။