သတင်း

သရက်မြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ပန်းရံသင်တန်းဖွင့်ပွဲကျင်းပ

2025-06-04

သရက်မြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ပန်းရံသင်တန်းဖွင့်ပွဲကျင်းပ

သရက်    ဇွန်    ၄

          မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ပန်းရံသင်တန်းဖွင့်ပွဲကို ဇွန်လ ၃ရက် နံနက်ပိုင်းက သရက်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

          ရှေးဦးစွာ သရက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးကြည်ဝင်းမှ အဖွင့်အမှာစကား ပြောကြားသည်။

          ဆက်လက်၍ သရက်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(နည်းပညာ) ဒေါ်နှင်းနှင်းအေးမှ မိမိတို့ဦးစီးဌာနအနေဖြင့် ကျေးရွာများ၏ ဒေသထုတ်ကုန်များ၊ ဈေးကွက်လိုအပ်ချက်များ၊ လုပ်သားလိုအပ်ချက်များ၊ ဒေသနှင့်ကိုက်ညီသည့် အသက်မွေးဝမ်းကျောင်းသင်တန်းလိုအပ်ချက်များကို စိစစ်ရွေးချယ်ပြီး ယခုကဲ့သို့ အသက်မွေးဝမ်း ကျောင်းပညာရပ်များကို သင်ကြားပို့ချပေးရခြင်းဖြစ်ကြောင်း ပြောကြားပြီး သင်တန်းနည်းပြဆရာက သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များနှင့် သင်တန်းစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။

          အဆိုပါ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ပန်းရံသင်တန်းကို သရက်မြို့နယ် အတွင်းရှိ ကျေးရွာ၁၀ရွာမှ သင်တန်းသား ၂၀ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ယခုနှစ် ဇွန်လ ၃ရက်မှ ၁၇ရက်နေ့အထိ (၁၅)ရက်ကြာ အခမဲ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လူ

အခြားသတင်းများ
DRD Smart Village
Install App for Better Experience