သတင်း

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ယာယီဘာရှာလိုင်းခန်းများတွင် ဝန်ထမ်းများ ပြောင်းရွှေ့နေထိုင်နေမှုနှင့် Fabricated Modular House များတပ်ဆင်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

2025-06-02

နေပြည်တော် ဇွန် ၁

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ပိုင်းက ဝန်ကြီးဌာန ပိုင်မြေနေရာ၌ ပြည်ထောင်စုဝန်ကြီးရုံး၊ သမဝါယမဦးစီးဌာနနှင့် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ ငလျင်ဒဏ်သင့် အရာထမ်း၊ အမှုထမ်းဝန်ထမ်းများ နေထိုင်နိုင်ရေး တည်ဆောက်ပြီးစီးခဲ့သည့် ယာယီဘာရှာလိုင်းခန်းများတွင် ပြောင်းရွှေ့နေထိုင်နေမှု အခြေအနေများ၊ Fabricated Modular House များ တပ်ဆင်ဆောင်ရွက်နေမှု အခြေအနေများနှင့်  ရေ၊ မီး၊ မိလ္လာစနစ်များ တပ်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ စနစ်တကျနေထိုင်နိုင်ရေးအတွက် လိုအပ်သည့် ရေ၊ မီး၊ မိလ္လာများလုံလောက်မှုရှိအောင် ဆောင်ရွက်ပေးရန်၊ ယာယီဘာရှာများ  ပတ်ဝန်းကျင် သန့်ရှင်း သာယာမှုရှိစေရေးနှင့် ဝန်ထမ်းများစနစ်တကျဖြင့် စည်းကမ်းရှိစွာနေထိုင်ကြစေရေး ကြပ်မတ် ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန(ရုံးချုပ်)အတွင်းရှိ မြေနေရာတွင် ငလျင်ဒဏ်သင့် ဝန်ထမ်းများနေထိုင်နိုင်ရေး Prefabricated Modular House များတပ်ဆင်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီးက Fabricated Modular House တပ်ဆင်မှုများ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်သွားရန်နှင့် ဆောင်ရွက်ပြီးစီးပါက ဝန်ထမ်းများအား စနစ်တကျ အမြန်ဆုံးနေရာချထားဆောင်ရွက်သွားရန် ဆွေးနွေး မှာကြားခဲ့ကြောင်း သိရှိပါသည်။

အခြားသတင်းများ
DRD Smart Village
Install App for Better Experience