သတင်း

ကံမမြို့နယ်အတွင်းရှိ သမဝါယမအသင်းများသို့ တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်

2025-02-24

မကွေး ဖေဖော်ဝါရီ  ၂၄

 မကွေးတိုင်းဒေသကြီး၊  ကံမမြို့နယ်အတွင်းရှိ မွေးမြူရေးလုပ်ငန်းများဆောင်ရွက်နေသည့် ပုဇင်းနိမ့်ကျေးရွာ၊ သူရတံခွန် လယ်ယာနှင့်အထွေထွေသမဝါယမအသင်းမှ အသင်းသားများ၏ ကြက်၊ ဝက်၊ ငါး၊ နို့စားနွားမွေးမြူရေးလုပ်ငန်းများ အား တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့သည်။

ဆက်လက်၍ သပြေစောင်းကျေးရွာ၊ ဂွေးမီကျေးရွာ၊ အင်ဖက်တောကျေးရွာ၊ ထန်းလေးပင် ကျေးရွာ တို့ကိုကွင်းဆင်းပြီး အသင်းအမှုဆောင်များ၊ အသင်းသားများနှင့်တွေ့ဆုံ၍ သမဝါယလုပ်ငန်း များဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များမှာကြားဆွေးနွေးခဲ့ပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုမှ အမှုဆောင်များနှင့်တွေ့ဆုံ၍ လိုအပ်သည်များ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

သမဝါယမဦးစီးဌာန

အခြားသတင်းများ
DRD Smart Village
Install App for Better Experience