သတင်း

အိမ်မဲမြို့နယ် တကောကျေးရွာမှဆောင်းနေကြာ (၅)ဧက စံပြစိုက်ခင်းအောင်မြင်ဖြစ်ထွန်းလျက်ရှိ

2025-02-24

အိမ်မဲ ဖေဖော်ဝါရီ   ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ တကောကျေးရွာတွင် သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြို့နယ်သမဝါယမအသင်းစုမှ စားသုံးဆီဖူလုံစေရေးအတွက်ရည်ရွယ်ပြီး ဆောင်းနေကြာ(၅)ဧကစံပြစိုက်ခင်းစိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

အဆိုပါနေကြာ (၅)ဧက စံပြစိုက်ခင်းအား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့က စတင်စိုက်ပျိုး ခဲ့ပြီး ယခုအခါ အောင်မြင်ဖြစ်ထွန်းလျက်ရှိကာ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်မင်းသိန်း၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးဇော်မင်းဦးနှင့် မြို့နယ်သမဝါယမဦးစီးဌာန ဝန်ထမ်းများ၊ သမဝါယမအသင်းသားများက နေကြာစိုက်ခင်းအား ဝတ်မှုန်ကူးခြင်းတို့ကိုစုပေါင်း ဆောင်ရွက်ခဲ့ကြသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)

ဧရာဝတီတိုင်းဒေသကြီး

အခြားသတင်းများ
DRD Smart Village
Install App for Better Experience