သတင်း
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် “AI Tools for Educators” သင်တန်း ဖွင့်လှစ်ခြင်း
2025-02-22
သန်လျင်၊ ဖေဖော်ဝါရီ ၂၁
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် “AI Tools for Educators” သင်တန်းကို ၂၁-၂-၂၀၂၅ ရက် (သောကြာနေ့)တွင် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းတွင် ပါမောက္ခချုပ်မှ အဖွင့်အမှာစကား ပြောကြား ခဲ့ပြီး တက်ရောက်လာသော သင်တန်းသူများအား CCEducare Myanmar မှ Managing Director ဒေါ်ချစ်အိမ်သူမှ Chat GPT, Gemini, Deepseek, Microsoft Copilot, Walone AI, Gamma, Canva နှင့် myshre စသည့် ဆရာ၊ ဆရာမများအနေဖြင့် သင်ကြား၊ သင်ယူရေးနှင့် သုတေသနလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးဝင်သည့် AI Tools များကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရန် အတွက် လက်တွေ့လုပ်ဆောင်၍ နည်းပညာများ ဖြန့်ဝေပေးခဲ့ပါသည်။ သင်တန်းသူများက သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ကြပြီး ပါမောက္ခချုပ်မှ ဆွေးနွေးပို့ချပေးခဲ့သည့် CCEducare Myanmar မှ Managing Director ဒေါ်ချစ်အိမ်သူအား အမှတ်တရ လက်ဆောင် ပစ္စည်းများပေးအပ်ခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၃၆)ဦး တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။