မိုးကောင်းမြို့၌ သမဝါယမအသင်းများ စိုက်ပျိုးထားသော ဆီထွက်သီးနှံစိုက်ခင်းများအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု
2025-02-21
မိုးကောင်း ဖေဖော်ဝါရီ ၂၁
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြိုနယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ပြည်နယ်အတွင်း စားသုံးဆီဖူလုံရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးဆောင်ရွက်ထားသော ဆီထွက်သီးနှံစိုက်ခင်းများအား ဖေဖော်ဝါရီ ၁၉ ရက်က ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သိရသည်။
ပင်းကျိုင်းကျေးရွာ အောင်ဇမ္ဗူစိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းသား ဦးမျိုးဦး၏ နေကြာစိုက်ခင်း(၃)ဧကနှင့် ပင်းဘောကျေးရွာအုပ်စု ရေတွင်းကုန်းကျေးရွာရှိ ဟိန်းဆန်း စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းသား ဦးမြင့်ဦး၏ နေကြာစိုက်ခင်း(၇)ဧကတို့အား ကွင်းဆင်းကြည့်ရှုပြီး ပြည်တွင်းစားသုံးဆီဖူလှုံရေးအတွက် ဆီထွက်သီးနှံများကို ယခင်နှစ်ထက်တိုးချဲ့ စိုက်ပျိုးသွားနိုင်ရေး သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခိုင်မာသန်းမှ အသင်းသားတောင်သူများ ကို မှာကြားခဲ့သည်။
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် အခြေခံသမဝါယမအသင်း(၁၂)သင်းမှ တောင်သူ (၅၃၄)ဦးက စိုက်ဧက စုစုပေါင်း (၁၄၂၀ ဒသမ ၄၂) ဧကတွင် ဆောင်းဆီထွက်သီးနှံနေကြာ၊ မြေပဲနှင့်နှမ်းများစိုက်ပျိုးထားရှိပြီး ၂၀၂၅ ခုနှစ် ဧပြီလအတွင်း ရိတ်သိမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)