သတင်း

ပွင့်ဖြူမြို့နယ် ဖူးပွင့်မျိုးသန့်စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက်က မျိုးစပါးများ ဖြန့်ဖြူးပေးနိုင်ခဲ့

2025-02-21

မကွေး ဖေဖော်ဝါရီ ၂၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ဖူးပွင့်မျိုးသန့်စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမ အသင်းလီမိတက်က ကျေးလက်နေတောင်သူများအား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး ပေးရန်၊ မျိုးစေ့ထုတ်လုပ်မှုနည်းပညာရရှိစေရန်၊ တောင်သူများ မျိုးကောင်း မျိုးသန့်စိုက်ပျိုးလာခြင်း ကြောင့် တစ်ဧကစိုက်ပျိုးထုတ်လုပ်မှု အကျိုးအမြတ်ပိုမိုရရှိစေရန်၊ မျိုးကောင်းမျိုးသန့်များ တစ်ပိုင် တစ်နိုင်ဖြည့်ဆည်းပေးရန် ရည်ရွယ်၍ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

အသင်းမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေရယူ၍ ပွင့်ဖြူမြို့နယ်၊ မင်းဘူး(စကု)မြို့နယ်များ၌ စပါးများ စိုက်ပျိုး၍ နှစ်စဉ် မျိုးစပါးများ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး သမဝါယမကဏ္ဍက ဆောင်ရွက် လျက်ရှိရာ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးစီမံကိန်း၌ စပါးများ စိုက်ပျိုးရာတွင် ပေါ်ဆန်းရင် (ရွှေဘိုပေါ်ဆန်း)၊ ဧရာမင်း (ဧရာပဒေ သာ)၊ ဆာဖိုးသာ၊ GW-11 ၊ ရက်-၁၀၀၊ ရတနာတိုး၊ မနောသုခ၊ ဆင်းသုခ၊ ပခန်းရွှေဝါ၊ ရွှေဆည်ရင် စပါးများကို လယ်ယာမြေဧက ၅၀၀ တွင် စိုက်ပျိုးခဲ့ပြီး ထွက်ရှိလာသည့် မျိုးစပါး တင်းပေါင်း ၃၃၅၀၀ အား မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးများသို့ ဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။a

အခြားသတင်းများ
DRD Smart Village
Install App for Better Experience