သမဝါယမအသင်းများက ဆီထွက်သီးနှံ(ဆောင်းနေကြာ)များ စိုက်ပျိုးထားရှိ
2025-02-21
နေပြည်တော် ဖေဖော်ဝါရီ ၂၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ဆီထွက် သီးနှံ(ဆောင်းနေကြာ)စိုက်ပျိုးရန် ဧက(၃၀၀၀)လျာထားသည့်အပေါ် မြို့နယ်(၈)မြို့နယ်မှ သမဝါယမ အသင်းပေါင်း(၆၀)၊ အသင်းသားတောင်သူ(၈၉၃)ဦး၊ စိုက်ဧက(၂၆၇၄.၇၉)ဧက အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ လယ်ယာမြေများတွင် ဆီထွက်သီးနှံ(ဆောင်းနေကြာ)အထွက်ကောင်းမျိုးများဖြစ်သည့် Suryakiran၊ ရေဆင်းစပ်မျိုး - ၁ များဖြစ်သည့် မျိုးကောင်းမျိုးသန့်များကို စိုက်ပျိုးစေပြီး အသင်းသား တောင်သူများကို စမ်းဝတီသဘာဝမြေဩဇာ(၁၀၀၃)အိတ်ကိုလည်းကောင်း၊ သွင်းအားစုများဖြစ် သည့် မျိုး၊ ပုလဲနှင့် ကွန်ပေါင်းများကို သမဝါယမအသင်းအချင်းချင်း အစီအစဉ်ဖြင့်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။ ယနေ့အထိ ဆောင်းသီးနှံ(နေကြာ) စိုက်ဧက (၂၆၇၄.၇၉) ဧကအနက် (၄၆၀.၅၀) ဧက ရိတ်သိမ်းဆောင်ရွက်ပြီးစီးကြောင်း သိရသည်။
သမဝါယမဦးစီးဌာန