သတင်း

ညောင်လေးပင်မြို့နယ်တွင် တောင်သူပညာပေးဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်

2024-08-16

ညောင်လေးပင် ဩဂုတ် ၁၆

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ မြို့နယ်သမဝါယမ ဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ တောင်သူပညာပေးဆွေးနွေးပွဲကို ဩဂုတ် ၁၄ ရက်က ရဲနွယ်စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းရုံး၌ ပြုလုပ်ခဲ့သည်။

အဆိုပါတောင်သူပညာပေးဆွေးနွေးပွဲတွင် ရှေးဦးစွာ မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီး အရာရှိ ဒေါ်ခင်နှင်းထွေးက တောင်သူပညာပေးဆွေးနွေးပွဲ ရည်ရွယ်ချက်ကို ရှင်းလင်းပြော ကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးထွန်းထွန်းခိုင်က ရဲနွယ်စိုက်ပျိုး ထုတ်လုပ်ရေးသမဝါယမအသင်းပိုင်လယ်(၄၄၉)ဧက၏ မိုးစပါးစိုက်ခင်းများတွင် ပိုးမွှားရောဂါများ ကြိုတင်ကာကွယ်ရန် အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ တောင်သူပညာပေးဆွေးနွေးပွဲသို့ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ နှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် နယ်မြေစခန်းတာဝန်ခံ၊ တောင်သူလယ်သမားများဦးရေ(၅၀)ကျော် တတ်ရောက်ခဲ့ကြပြီး ပိုးမွှားရောဂါများ ကြိုတင် ကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)

ပဲခူးတိုင်းဒေသကြီး

အခြားသတင်းများ
DRD Smart Village
Install App for Better Experience