သတင်း

Advance GIS Training and Remote Sensing သင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဆင်းပွဲအခမ်းအနား

2025-02-21

နေပြည်တော် ဖေဖေါ်ဝါရီ ၂၁

    သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန Advance GIS Training and Remote Sensing သင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဆင်းပွဲအခမ်းအနားကို (၂၁-၂-၂၀၂၅)ရက်နေ့ နံနက် (၁၁း၀၀)နာရီ အချိန်တွင်  ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ သင်တန်းဆင်းပွဲအခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ စစ်ဆေးရေးအရာရှိချုပ်၊ အင်ဂျင်နီယာချုပ်(မြို့ပြ)များနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြသည်။ 

   ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား) ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံရေး) ဦးဝင်းသိန်းက  သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် မိမိတို့ဦးစီးဌာနမှာ လမ်း/တံတားလုပ်ငန်းများ ဆောင်ရွက်ရသော ဌာနဖြစ်သည့်အလျောက် သင်တန်းမှရရှိသည့် နည်းပညာများအား အသုံးပြု၍ မြေပြင်ကွင်းဆင်းရန် အခက်အခဲရှိသည့် နေရာ‌‌ဒေသများအတွက်  အင်ဂျင်နီယာအကြိုဆောင်ရွက်ရသည့် လမ်းအူကြောင်းရှာခြင်းလုပ်ငန်းများ၊ တံတား Location များ၊ ရန်ပုံငွေလျာထားဆောင်ရွက်ရမည့် လုပ်ငန်းများအား Remote Sensing နည်းပညာမှတစ်ဆင့် ရယူနိုင်သည့် Data အချက်အလက်များအပေါ်အခြေခံ၍ result ကောင်းများရရှိအောင် တွက်ချက်ရယူကာ ဌာနလုပ်ငန်းများအား အကျိုးရှိရှိ ထိထိရောက်ရောက် ပြန်လည်အသုံးချသွားရမှာဖြစ်ကြောင်း၊ သင်တန်းမှ သင်တန်းဆရာများ၏ သင်ကြားပြသပေးလိုက်သည်များနှင့် ရပ်တန့်မနေဘဲ မိမိကိုယ်တိုင် continuous learning လုပ်ရန်လိုကြောင်းပြောကြားခဲ့ပါသည်။ ပြီးနောက် သင်တန်းသားများမှ အဖွဲ့(၄)ဖွဲ့ ခွဲ၍ Group Presentation တင်ဆက်ပြသမှုများအပေါ် လိုအပ်သည်များအား အကြံပြုဖြည့်စွက် ဆွေးနွေးခဲ့ပြီး၊ Group Presentation တွင် ပထမဆုနှင့် ဒုတိယဆုရရှိသည့် အဖွဲ့များအား ဆုများချီးမြှင့်ပေးအပ်ခြင်း၊ GEO DELTA Co,.Ltd ၏ Technical Director  သင်တန်းနည်းပြ ဦးချစ်မျိုးလွင်အား သင်တန်းဆင်းအမှတ်တရလက်ဆောင် ပေးအပ်ချီးမြှင့်ခြင်းနှင့် သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။   သင်တန်းသူတစ်ဦးမှ သင်တန်းသားအားလုံး၏ကိုယ်စား ယခုသင်တန်းမှ နည်းပညာအကျိုးကျေးဇူးများစွာ ရရှိကြောင်းနှင့် ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားကိုအောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

   အဆိုပါသင်တန်းကို (၁၀-၂-၂၀၂၅) မှ (၂၁-၂-၂၀၂၅ )ရက်နေ့အထိ နှစ်ပတ်ကြာ သင်ကြားပို့ချပေးခဲ့ရာ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ သင်တန်းသား/ သူ (၂၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

အခြားသတင်းများ
DRD Smart Village
Install App for Better Experience