သတင်း

ဒုတိယဝန်ကြီး ဦးမြင့်စိုး ဟားခါးမြို့ရှိ မိမိဝန်ထမ်းများနှင့်တွေ့ဆုံ

2025-02-23

နေပြည်တော် ဖေဖော်ဝါရီ ၂၂

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညနေပိုင်း၌ (၇၇) နှစ်မြောက် ချင်းမျိုးသားနေ့ အထိမ်း အမှတ် ခင်းကျင်းပြသထားသည့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြခန်းတွင် ဦးစီးဌာန (၄) ခုမှ ဝန်ထမ်းများနှင့် တွေ့ဆုံကာ တစ်ဦးချင်းအခက်အခဲ များကို မေးမြန်း၍ ကျန်းမာအောင်နေထိုင်ကြရန်၊ လုံခြုံရေး အသိဖြင့် သွားလာကြရန်၊ မိမိတို့ဝန်ထမ်းဘဝ တိုးတက်ရေးအတွက် ကိုယ်စီကြိုးစားအားထုတ်ကြရန် တိုက်တွန်း မှာကြားပြီး ဦးစီးဌာနအလိုက် စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ သည်။

အလားတူ ဒုတိယဝန်ကြီးသည် ယနေ့နံနက်ပိုင်းကလည်း ကလေးမြို့ရှိ ဦးစီးဌာန (၄) ခုမှ ဝန်ထမ်းများနှင့် တွေ့ဆုံကာ လိုအပ်သည်များ မှာကြားခဲ့ပြီး စားသောက် ဖွယ်ရာများနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အခြားသတင်းများ
DRD Smart Village
Install App for Better Experience