ဒီဂျစ်တယ် အသိပညာ ၊ ခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာ သင်တန်းဖွင့်လှစ်
2025-02-21
နေပြည်တော် ဖေဖော်ဝါရီ ၂၀
ဒီဂျစ်တယ် အသိပညာ ၊ ခံယူချက် နှင့် အလေ့အကျင့်ဆိုင်ရာ သင်တန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရှိ နည်းပညာပေးစင်တာ၌ ကျင်းပရာ နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးက အဖွင့်အမှာ စကားပြောကြားသည်။
ယခုဖွင့်လှစ်သော သင်တန်းတွင် သင်ကြားပေးမည့်ဘာသာရပ်များအနေဖြင့် Online စနစ်မှတ်ပုံတင်များရောင်းချရာတွင် ဆောင်ရန် ၊ ရှောင်ရန်နည်းလမ်းများ၊ Online Sales မှတ်ပုံတင် လက်မှတ် လျှောက်ထားခြင်း၊ Digital Literacy And Digital Transformation In MSMEs နှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းမှတ်ပုံတင်ရာတွင် လိုက်နာဆောက်ရွက်ရမည့် လုပ်ငန်းစဉ်များ ၊ ဌာနမှ ရေးဆွဲထားသည့် e-Commerce website ဝင်ရောက်ပုံနှင့် အသုံးပြုနည်းများကို စာတွေ့ လက်တွေ့ သင်ကြားပေးသွားမည် ဖြစ်သည်။
အဆိုပါသင်တန်းသို့ နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် လုပ်ငန်း မှတ်ပုံတင်ထားသည့် လုပ်ငန်းရှင် ၂၀ ဦး တတ်ရောက်ကြကြောင်း သိရသည်။