သတင်း

အမျိုးသားစာပေ(သုတပဒေသာ)အသုံးချသိပ္ပံဆုရ စာရေးဆရာ ဦးမြင့်သိန်း(မောင်ကျေးရေ)က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးများရှိ စာကြည့်တိုက်များအတွက် အသုံးချဇလဘူမိဗေဒပညာစာအုပ်များ လှူဒါန်းခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ ကျင်းပ

2025-02-21

နေပြည်တော် ဖေဖော်ဝါရီလ ၂၁

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌  အမျိုးသားစာပေ(သုတပဒေသာ)အသုံးချသိပ္ပံဆုရ စာရေးဆရာ ဦးမြင့်သိန်း(မောင်ကျေးရေ)က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးများရှိ စာကြည့်တိုက်များအတွက် အသုံးချဇလဘူမိဗေဒ ပညာစာအုပ်များလှူဒါန်းခြင်းနှင့် ဂုဏ်ပြုမှတ်တမ်း လွှာပေးအပ်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၂၁ရက်နေ့ နံနက်၁၀နာရီအချိန်က နေပြည်တော်ရှိ ရုံးအမှတ်(၃၆-B)ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ ဦးမြင့်သိန်း(မောင်ကျေးရေ)ကိုယ်စား ဦးညွှန့်လှိုင်(ကိုရင်ညို ထီလာ)က စာအုပ်များ လှူဒါန်းမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။

ဆက်လက်၍ ဦးစီးဌာနရုံးများရှိ စာကြည့်တိုက်များအတွက် အသုံးချဇလဘူမိဗေဒပညာ စာအုပ် များ လှူဒါန်းမှုကို ညွှန်ကြားရေးမှူးချုပ်မှ လက်ခံပြီး၊ ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ် ခဲ့ပါသည်။

ထို့နောက် ဦးစီးဌာနရုံးများရှိ စာကြည့်တိုက်များအတွက် အသုံးချဇလဘူမိဗေဒပညာ စာအုပ်များ လှူဒါန်းမှုတို့အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ကျေးဇူးတင် စကားပြောကြားပေးခဲ့ကြောင်း သိရသည်။

အခြားသတင်းများ
DRD Smart Village
Install App for Better Experience