မြို့သစ်မြို့နယ်၌ လမ်းတံတားလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
2025-02-20
မြို့သစ် ဖေဖော်ဝါရီ ၁၉
မကွေးခရိုင် မြို့သစ်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပေပင်ရိုး၊ ပုဂံမျော်တောင်တွင်းကြီး-မြို့သစ်- နတ်မောက်လမ်း ကျေးရွာချင်းဆက်လမ်း(၅/၀)မိုင်ပေါ်တွင် ပြည်ထောင်စု၊ တိုင်းဒေသကြီးငွေလုံးငွေရင်း(ပြင်ထိန်း) အထွေထွေပိုလျှံရန်ပုံငွေများဖြင့် ဆောင်ရွက်လျက်ရှိသည့် ကွန်ကရစ်လမ်း(၀/၃)မိုင်ခင်းခြင်းလုပ်ငန်း၊ ကွန်ကရစ်ရေကျော် ရေဆင်းပြုပြင်ခြင်းလုပ်ငန်း၊ မြေသားတာပေါင်ချဲ့၍ ကျောက်ရောမြေ (၂/၀)မိုင်ခင်းခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင်နှင့် တိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝင်းမိုးထိုက်နှင့် တာဝန်ရှိသူများက မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကိုဇော်(ပြန်/ဆက်)