သတင်း

မကွေးမြို့တွင် ရုရှားသဘာဝရွက်ဖြန်းမြေဩဇာ အသုံးပြုမှုသရုပ်ပြပွဲနှင့် နေကြာမျိုးစေ့များ ပေးအပ်ပွဲကျင်းပ

2024-10-15

မကွေး အောက်တိုဘာ ၁၄

မကွေးတိုင်းဒေသကြီး၊ သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (မကွေး)တွင် ရုရှားသဘာဝရွက်ဖြန်းမြေဩဇာသရုပ်ပြပွဲနှင့် နေကြာမျိုးစေ့များပေးအပ်ပွဲအခမ်း အနားကို အောက်တိုဘာ ၁၀ ရက်က ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းဇော်နိုင် က အဖွင့်အမှာစကားပြောကြားခဲ့ပြီး RUMA ORGANIC ရွက်ဖြန်း သဘာဝမြေဩဇာကုမ္ပဏီမှ တာဝန်ရှိသူများက ရုရှားသဘာဝရွက်ဖြန်းမြေဩဇာအသုံးပြုမှုကို လက်တွေ့သရုပ်ပြရှင်းလင်းခဲ့ပြီး တက်ရောက်လာသူများမှ သိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌက နေကြာစိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်မည့် မြို့နယ်များသို့ နေကြာမျိုးစေ့များအားအသီးသီးပေးအပ်ခဲ့ပြီး အဆိုပါအခမ်းအနား သို့ တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများ၊ RUMA ကုမ္ပဏီမှတာဝန်ရှိသူများ တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ၊ မြို့နယ်သမဝါယမဦးစီးအရာရှိများ၊ မြို့နယ် သမဝါယမအသင်းစုဥက္ကဋ္ဌများ၊ အခြေခံသမဝါယမအသင်းအမှုဆောင်များ စုစုပေါင်း(၇၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်ကို(ဖန်ခါးမြေ)

မကွေးတိုင်းဒေသကြီး

အခြားသတင်းများ
DRD Smart Village
Install App for Better Experience