သတင်း

ညောင်ရွှေမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများသို့ လူသုံးကုန်ပစ္စည်းများ လှူဒါန်း

2024-09-24

တောင်ကြီး စက်တင်ဘာ ၂၄

ရှမ်းပြည်နယ်တောင်ပိုင်း/အရှေ့ပိုင်းသမဝါယမအသင်းစုချုပ်၊ တောင်ကြီးမြို့နယ်သမဝါယမ အသင်းစုနှင့် ရွှေမြို့မသမဝါယမအသင်းတို့မှ ပူးပေါင်း၍ ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ နမ့်ပန် ကျေးရွာ၊ အင်းပေါခုံရွာနှင့် မိုင်းသောက်အင်းရွာများရှိ ရေဘေးသင့် သမဝါယမအသင်းသားများနှင့် ပြည်သူများသို့  လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများအား  အသင်းအမှုဆောင်များမှ ထောက်ပံ့လှူဒါန်းခြင်းကို အဆိုပါ ကျေးရွာများသို့ သွားရောက်၍ လှူဒါန်းခဲ့သည်။

အဆိုပါ လှူဒါန်းမှုတွင် ရှမ်းပြည်နယ်တောင်ပိုင်း/အရှေ့ပိုင်းသမဝါယမအသင်းစုချုပ်မှ ငွေကျပ် သိန်း(၅၀)၊ တောင်ကြီးမြို့နယ်သမဝါယမအသင်းစုမှ ငွေကျပ်သိန်း(၅၀)၊ ရွှေမြို့မသမဝါယမအသင်း မှ ငွေကျပ်(၅)သိန်းနှင့် စေတနာရှင်များက ငွေကျပ်(၆.၇၅)သိန်း၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၁၁၁.၇၅)သိန်းနှင့် ဆန်၊ ဆီ၊ ဆေး၊ သောက်ရေသန့်(၂၄၀)တွဲ လှူဒါန်းခဲ့ကြောင်း သိရသည်။

အခြားသတင်းများ
DRD Smart Village
Install App for Better Experience