သတင်း

မိုင်းဖြတ်မြို့နယ်၌ ဝန်ထမ်းပေါင်းစုံငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ

2024-09-10

မိုင်းဖြတ် စက်တင်ဘာ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ မြို့နယ်ဝန်ထမ်းပေါင်းစုံငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်မ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သဘာပတိမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်က လမ်းညွှန်အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းသင်းနွယ်မှ လုပ်ငန်းဆိုင်ရာများကို လည်းကောင်း၊ အမှုဆောင် ဦးအေးမင်းကြိုင်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဘဏ္ဍာရေး ရှင်းတမ်းနှင့် အမြတ်ငွေစာရင်းအားလည်းကောင်း၊ အမှုဆောင် ဦးဝင်းကျော်ဦးက ဘဏ္ဍာရေး ရှင်းတမ်းနှင့် အမြတ်ခွဲဝေမှုစာရင်းအားလည်းကောင်း အသီးသီးရှင်းလင်းတင်ပြခဲ့ပြီး သဘာပတိမှ နိဂုံးချုပ်အမှာစကားများ ပြောကြားခဲ့သည်။ ဆက်လက်၍ အခမ်းအနားအပြီး တွင် အသင်းသူ၊ အသင်းသား(၁၉၁) ဦးအား တစ်ဦးလျှင် စားဆီ(၅၀)ကျပ်သား ထောက်ပံ့ ပေးခဲ့သည်။

မိုင်းဖြတ်မြို့နယ်တွင်  ဝန်ထမ်းပေါင်းစုံငွေစုငွေချေးအသင်းကို ၂၀၀၉ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ပြီး ယခုအခါ အသင်းသားဦးရေမှာ(၁၉၁)ဦးအထိ ရှိလာပြီးဖြစ်သည်။ အသင်း၏ ဆောင်ရွက်ချက်များဖြစ်သည့် အသင်းသူ/အသင်းသားများ၏ ချေးငွေအပေါ်အတိုးကို(၂) ရာခိုင်နှုန်း ကောက်ခံပြီး စုဆောင်းငွေအပေါ်အတိုး(၁)ရာခိုင်နှုန်းကို ပြန်လည်ထုတ်ပေးခြင်း၊ အသင်းသူ/အသင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းများကို ထောက်ပံ့ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သန်းထွန်း​အေး(ပြန်/ဆက်)

ရှမ်းပြည်နယ်

 

အခြားသတင်းများ
DRD Smart Village
Install App for Better Experience