သတင်း
မအူပင်(ခရိုင်)အစိုးရဝန်ထမ်းပေါင်းစုံသမဝါယမအသင်းလီမီတက် အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ
2024-09-05
မအူပင် စက်တင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ မအူပင်(ခရိုင်) အစိုးရဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည် အရပ်ရပ် ဆိုင်ရာအစည်းအဝေးကို မြို့နယ်သမဝါယမဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအစည်းအဝေးသို့ မအူပင်(ခရိုင်) (၄) မြို့နယ်မှ အသင်းဝင်ကိုယ်စားလှယ် ဒါရိုက်တာအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် သဘာပတိအဖြစ် ဥက္ကဋ္ဌ ဒေါ်လဲ့ယဉ်အေးမှ အမှာစကားပြောကြားပြီး ဒါရိုက်တာအဖွဲ့ဝင်၏ လုပ်ငန်းအစီရင်ခံစာ၊ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်း၊ အသင်းသားစာရင်းစစ်အစီရင်ခံစာများအား ဘဏ္ဍာရေးနှစ် အလိုက် ဖတ်ကြားရှင်းလင်း၍ တက်ရောက်လာသူများထံမှ အတည်ပြုချက် ရယူခဲ့ကြောင်း သိရသည်။