သတင်း

သဲကုန်းမြို့နယ်သမဝါယမအသင်းစု(လီမိတက်) ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်ပွဲအခမ်းအနား ကျင်းပ

2024-08-27

သဲကုန်း ဩဂုတ် ၂၇

                    ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်သမဝါယမအသင်းစုလီမိတက် ၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်ပွဲ အခမ်းအနားကို ဩဂုတ် ၂၆ ရက်က မြို့နယ်သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

                    ရှေးဦးစွာ အစည်းအဝေးတွင် မြို့နယ်သမဝါယမအသင်းစုလီမိတက်ဥက္ကဋ္ဌ ဦးသန်းဝင်း က သဘာပတိအဖြစ်ဆောင်ရွက်ပြီး ပဲခူးတိုင်းဒေသကြီးသမဝါယမဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး (ညွှန်ကြားရေးမှူး)ဒေါ်ချောစုလှိုင်၊ တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်လီမိတက်ဥက္ကဋ္ဌ ဦးတင်ထွဋ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဥ်ထွေး၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးတင်​မောင်စန်းတို့က သမဝါယမသင်းများ၏အခြေအနေအရပ်ရပ်နှင့် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်း အဝေးဆောင်ရွက်ခြင်းတို့နှင့်ပတ်သက်၍ အမှာစကားများ အသီးသီးပြောကြားခဲ့ကြောင်း သိရသည်။

                    ဆက်လက်၍ အစည်းအဝေးကျင်းပရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ချုပ်ဘဏ္ဍာရေး ရှင်းတမ်းများ၊ အမြတ်ခွဲဝေမှုစာရင်းများ၊ ရှေ့လုပ်ငန်းစဉ်များ၊  အသင်းစာရင်းစစ်အဖွဲ့အစီရင်ခံစာများ ကို တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် အမှုဆောင်ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းအစီရင် ခံစာဖတ်ကြားတင်ပြကြပြီးနောက် အတည်ပြုခြင်း၊ အသင်းစည်းကမ်းများကို ပြင်ဆင်ဖြည့်စွက်ခြင်း၊ အသင်းသားများ၏ အကြံပေးမေးမြန်းချက်များအား ပြန်လည်ဖြေကြားရှင်းလင်းခြင်း၊ အမှုဆောင် အသစ်များအား ဆန္ဒမဲပေးရွေးချယ်၍ တာဝန်ခွဲဝေပေးအပ်ခဲ့ပြီး ​ရွေးချယ်ခံအမှုဆောင်သစ်များက ကတိသစ္စာခံယူကာ အစည်းအဝေးကိုရုပ်သိမ်းခဲ့သည်။

                    အဆိုပါ အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများ၊ သဲကုန်း မြို့နယ်အတွင်းရှိ သမဝါယမအသင်း(၉၆)သင်းမှ အသင်းဥက္ကဋ္ဌများနှင့်တာဝန်ရှိသူများ တက်ရောက် ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)

ပဲခူးတိုင်းဒေသကြီး

အခြားသတင်းများ
DRD Smart Village
Install App for Better Experience