ကလောမြို့နယ်၌ မိုးစပါးစိုက်ပျိုးရေးစီမံကိန်းအတွက် သွင်းအားစုပံ့ပိုး ပေးအပ်
2024-08-27
ကလော ဩဂုတ် ၂၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဘော်နင်းကျေးရွာအုပ်စု၊ ဘုရားပျိုကျေးရွာတွင် မြို့နယ်သမဝါယမအသင်းစု၏အစီအစဉ်ဖြင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်းအတွက် စိုက်ပျိုးရေး သမဝါယမအသင်းသားတောင်သူများအား သွင်းအားစုပံ့ပိုးပေးအပ်ပွဲကို ဩဂုတ် ၂၆ ရက်က အဆိုပါ ကျေးရွာ၌ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အသင်းစုဥက္ကဋ္ဌ ဦးခင်ထွန်းက သွင်းအားစုပံ့ပိုးပေးရခြင်းနှင့်စပ်လျဉ်း၍ အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမာဌေးက စိုက်ပျိုးရေးသွင်းအားစု ပံ့ပိုးပေးရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကလောမြို့နယ်၊ ဘော်နင်းကျေးရွာအုပ်စု၊ ဘုရားပျိုကျေးရွာရှိ စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ အသင်းသား ၃၇ ဦး၏ စပါးစိုက်ပျိုးရေးလုပ်ငန်းအား တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှုန်းဖြင့် ညီမျှ သောသွင်းအားစုများကို ဧက ၃၅၀ အတွက် မြို့နယ်သမဝါယမအသင်းစု၏အစီအစဉ်မှ အသင်း အချင်းချင်းပံ့ပိုးမှုဖြင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်းအတွက် စိုက်ပျိုးရေးသမဝါယမတောင်သူများကို တာဝန်ရှိသူများက သွင်းအားစုပံ့ပိုးပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)