သတင်း
ဒေးဒရဲမြို့နယ်သမဝါယမအသင်းစုသို့ လူမှုစီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေဖြင့် နွားမွေးမြူရေးလုပ်ငန်းအတွက် ပံ့ပိုးငွေများ ပေးအပ်
2024-08-02
ဒေးဒရဲ ဩဂုတ် ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့် လူမှုစီးပွားမြှင့်တင်ရေးစီမံကိန်း(Pilot Project) ဆောင်ရွက်မည့် ဒေးဒရဲမြို့နယ် သမဝါယမအသင်းစုအမှုဆောင်အဖွဲ့သို့ တစ်ကောင်လျှင် ငွေကျပ် ၁၈.၉၅ သိန်း တန်ဖိုးရှိ နွားမ ၁၀ ကောင်အတွက် တန်ဖိုးငွေကျပ် ၁၈၉.၅ သိန်းအား ပေးအပ်ခဲ့ကြောင်း သိရသည်။