သတင်း

နမ့်စန်တွင် ဝန်ထမ်းပေါင်းစုံငွေစုငွေချေးသမဝါယမအသင်း နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ ပညာရည်ချွန်ဆုများချီးမြှင့်

2024-08-20

နမ့်စန်(တ) ဩဂုတ် ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ဝန်ထမ်းပေါင်းစုံငွေစုငွေချေးသမဝါယမ အသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ကျင်းပပြုလုပ်သော နှစ်ပတ်လည်အရပ်ရပ်ဆိုင် ရာအစည်းအဝေးကို  ဩဂုတ် ၁၉ ရက်က အမှတ်(၂)ရပ်ကွက်အခြေခံပညာအထက်တန်းကျောင်း (နမ့်စန်)သရဖီခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ အသင်းဥက္ကဋ္ဌ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမွန်က အဖွင့် အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် မြို့နယ်သမဝါယမ အသင်းစုဥက္ကဋ္ဌ ဦးကျော်ရွှေတို့က အရပ်ရပ်ဆိုင်ရာအစည်းအဝေး ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ရှင်း လင်းပြောကြားခဲ့သည်။

ဆက်လက်၍ အသင်းမှ တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် အမှုဆောင်ဒါရိုက်တာ အဖွဲ့၏ အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို ဖတ်ကြားတင်ပြခဲ့ကာ အသင်းသားများ၏ အတည်ပြုချက်ရယူခဲ့ကြသည်။ ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင် ခဲ့သော အသင်းသားများ၏ သားသမီးများကို ပညာရည်ချွန်ဆုများချီးမြှင့်ရာ (၅) ဘာသာဂုဏ်ထူးရှင်(၂) ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၂) ဦး၊ (၁)ဘာသာဂုဏ်ထူးရှင်(၁) ဦး၊ ရိုးရိုးအောင် (၄) ဦးနှင့် လူရည်ချွန်ဆု ရသူ(၂)ဦးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်မိုးနှင့် တာဝန်ရှိသူများက  ဂုဏ်ပြု ဆုငွေများနှင့်  ဂုဏ်ပြုမှတ်တမ်းများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ဝန်ထမ်းပေါင်းစုံငွေစုငွေချေးသမဝါယမအသင်းမှ တာဝန်ရှိသူများက အသင်း သား (၈၃၃)ဦး၏ စုဆောင်းငွေပေါ်အတိုး စုစုပေါင်း (၃၇၈၅၀၀၀၀) ကျပ်ကို စနစ်တကျ ခွဲဝေထုတ်ပေး ခဲ့ပြီး အခမ်းအနားတက်ရောက်သူများကို စုစုပေါင်းနှစ်ဆယ့်ခုနှစ်သိန်းကျပ် တန်ဖိုးရှိ ဗလာမပါ ငွေသား ဆုမဲများကို ကံစမ်းမဲဖောက်ပေးခဲ့ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)

ရှမ်းပြည်နယ်

အခြားသတင်းများ
DRD Smart Village
Install App for Better Experience