သတင်း

မော်လမြိုင်ကျွန်းမြို့နယ်၌ ကွန်ကရစ်တံတားတည်ဆောက်

2024-08-15

မော်လမြိုင်ကျွန်း ဩဂုတ် ၁၄

     ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် လပွတ္တလုပ်ကြီး ကျေးရွာအုပ်စု မော်ကျွန်း-ဝါးခယ်မ ကားလမ်းတာမှ ဘုရားစုကျေးရွာသို့ ဆက်သွယ်သော အလျား ၄၀၊ အကျယ် ၁၈ ပေရှိ ကွန်ကရစ်တံတားသစ် တည်ဆောက်ခြင်းလုပ်ငန်းကို တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမင်းသိန်းနှင့် တာဝန်ရှိသူများ ဩဂုတ် ၁၂ ရက်က သွားရောက်စစ်ဆေးသည်။ (အောက်ပုံ)

     အဆိုပါ ကွန်ကရစ်တံတားကို ၂၀၂၄-၂၁၂၅ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မော်လမြိုင်ကျွန်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ကျေးရွာနေပြည်သူ များသွားလာမှု အဆင်ပြေစေရန်အတွက် ရည်ရွယ်တည်ဆောက်ခြင်းဖြစ်သည်။                       

 မြို့နယ်(ပြန်/ဆက်)

အခြားသတင်းများ
DRD Smart Village
Install App for Better Experience