သတင်း

အောင်လံမြို့နယ် ညောင်ကိုင်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းစစ်ဆေး

2024-08-13

အောင်လံမြို့နယ် ညောင်ကိုင်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းစစ်ဆေး

အောင်လံ ဩဂုတ် ၁၃

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ညောင်ကိုင်းကျေးရွာအုပ်စု၊ ညောင်ကိုင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အောင်လံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ထားထားရီနှင့် စီမံကိန်းဝန်ထမ်းများက ညောင်ကိုင်းကျေးရွာရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း အဖွဲ့ဝင်များနှင့်အတူ စီမံကိန်း ချေးငွေဖြင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် အခြားစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများ သတ်မှတ်ချေးငွေစာချုပ်ပါအတိုင်း အမှန်တကယ်လုပ်ငန်း ဆောင်ရွက်မှုရှိ၊မရှိ  ငွေစာရင်း ပုံစံများ စနစ်တကျ ဖြည့်သွင်းထားခြင်း ရှိ/မရှိနှင့် စီမံကိန်း လက်စွဲစာစောင်ပါ ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ထားရှိမှု ရှိ/မရှိအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

 ညောင်ကိုင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၅-၂၀၁၆ခု ဘဏ္ဍာရေးနှစ်တွင် ငွေကျပ်သိန်း ၃၀၀ ဖြင့် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ အဌမနှစ်စက်ဝန်းအဖြစ် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၆၃ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၃၉ဦးနှင့် အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ နှစ်ဦး စုစုပေါင်း အသင်းသူ အသင်းသား ၁၀၄ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ ကျပ် ၄၀၃သိန်း ထုတ်ချေး ပေးထားကြောင်း  သိရသည်။

အခြားသတင်းများ
DRD Smart Village
Install App for Better Experience