သတင်း

ခတ္တူ-ခုံကြီး-ခြောက်ဆယ်-ရိုးကြီးလမ်းပေါ်ရှိ ခုံကြီးတံတားတည်ဆောက်နေမှု ကွင်းဆင်းစစ်ဆေး

2024-09-16

လေးမျက်နှာ စက်တင်ဘာ ၁၅

          ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်၌ ခတ္တူ-ခုံကြီး- ခြောက်ဆယ်-ရိုးကြီးလမ်းပေါ်ရှိ ခုံကြီးတံတားတည် ဆောက်နေမှုကို တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးသည်။

          ဦးစွာ ခတ္တူ-အလယ်ရွာ- ဗောဓိလမ်းပေါ်ရှိ ကြိုးတံတားသည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းကမ်းပါးပြိုကျပြီး ပင်မတိုင် တိမ်းစောင်းနေမှုအခြေအနေကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စစ်ဆေးရေးအရာရှိချုပ် ဦးရဲခေါင်ထွန်း၊ တံတားတည်ဆောက်ရေးအဖွဲ့ (ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးအောင်ဇော်မင်း၊ ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကိုကိုသိန်းဇော်လင်းနှင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ) ဦးကျော်လွင်တို့က ကွင်းဆင်းစစ်ဆေးသည်။

         ထို့နောက် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ခတ္တူ - ခုံကြီး-ခြောက်ဆယ်-ရိုးကြီး လမ်းပေါ်ရှိ ခုံကြီးတံတား ဒုတိယပိုင်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးနေမှုကို ကွင်းဆင်းစစ်ဆေးသည်။

          ဆက်လက်၍ ဟင်္သာတမြို့နယ်နှင့် ချိတ်ဆက်လျက်ရှိသော အုတ်ပုံ-အကယ်ကျေးရွာချင်းဆက်လမ်းပါ်တွင် ဆောင်ရွက်ရန်လိုအပ်သည့် ဘေလီတံတား တည်ဆောက်မည့်နေရာကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မိုးသက်ကို(ပြန်/ဆက်)

အခြားသတင်းများ
DRD Smart Village
Install App for Better Experience