သတင်း

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ကျေးလက်လမ်းတံတားလုပ်ငန်း ငါးခု ဆောင်ရွက်ပေးမည်

2024-09-09

ညောင်ဦး စက်တင်ဘာ ၆

        မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်း (အထွေထွေပိုလျှံ)ရန်ပုံငွေဖြင့် ကျေးလက်လမ်းလုပ်ငန်း နှစ်ခု၊ တံတားလုပ်ငန်း သုံးခု စုစုပေါင်း ကျေးလက်လမ်းတံတားလုပ်ငန်း ငါးခုကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

       အဆိုပါ လမ်းတံတားလုပ်ငန်းများမှာ ကုန်းတန်းကြီးကျေးရွာ အဝင်လမ်း ကွန်ကရစ်လမ်းခင်းခြင်းနှင့် ယင်းလမ်းပေါ်တွင် ရေကျော် တစ်စင်းနှင့် Box Culvert တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းများ၊ မင်းနန်သူကျေးရွာလမ်း ကတ္တရာလမ်းခင်းခြင်းနှင့် ယင်းလမ်းပေါ်တွင် ရေကျော်တစ်စင်းတည်ဆောက်ခြင်းလုပ်ငန်းများဖြစ်သည်။ လုပ်ငန်း အားလုံးကို စက်တင်ဘာလ ပထမပတ်အတွင်း စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါလုပ်ငန်းအားလုံး ဆောင်ရွက်ပြီးစီးပါက သက်ဆိုင်ရာ ကျေးရွာနေပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေး ယခင်ကထက် ပိုမို ကောင်းမွန်လာမည်ဖြစ်ကြောင်း သိရသည်။

မင်းမြင့်မိုရ်

 

အခြားသတင်းများ
DRD Smart Village
Install App for Better Experience