သတင်း

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် (၂၃)ကြိမ်မြောက် အာစရိယ ပူဇော်ပွဲ အခမ်းအနားကျင်းပခြင်း

2024-09-06

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ၂၀၂၃-၂၀၂၄   ပညာသင်နှစ်၊ ပထမနှစ်၊ ဒုတိယနှစ် (ဒုတိယနှစ်ဝက်) သင်တန်းနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တတိယနှစ်၊ စတုတ္ထနှစ်၊ ဘွဲ့လွန်ဒီပလိုမာသင်တန်း၊ မဟာဘွဲ့သင်တန်းများ၏ (ပထမနှစ်ဝက်) သင်တန်းအသီးသီးတွင် တက်ရောက် ပညာသင်ကြားနေသော ကျောင်းသား/ ကျောင်းသူများ၏ (၂၃) ကြိမ်မြောက် အာစရိယပူဇော်ပွဲအခမ်းအနားကို (၆.၉.၂၀၂၄) ရက်နေ့ နံနက် (၁၀.၀၀) နာရီအချိန်တွင် ဘက်စုံသုံးခန်းမ၌ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းမှ ဩဝါဒစကားနှင့် ဆုတောင်းမေတ္တာစကားပြောကြားခဲ့သည်။ အဆိုပါ အာစရိယပူဇော်ပွဲ အခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ တွဲဖက်ပါမောက္ခများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၀၀၀)ကျော် တက်ရောက်ခဲ့ကြပါသည်။

အခြားသတင်းများ
DRD Smart Village
Install App for Better Experience