သတင်း

တနင်္သာရီတိုင်းဒေသကြီး သမဝါယမဦးစီးဌာန၏ သမဝါယမကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

2024-09-02

ထားဝယ် စက်တင်ဘာ ၂

တနင်္သာရီတိုင်းဒေသကြီးသမဝါယမဦးစီးဌာန၏ သမဝါယမကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဩဂုတ် ၃၁ ရက်က တိုင်းဒေသကြီးသမဝါယမဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်စိုးမင်းက တိုင်းဒေသကြီးအတွင်း သမဝါယမဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်မှုအခြေအနေ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသောတိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌနှင့် မြို့နယ်အသင်းစုအမှုဆောင် များက သမဝါယမဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်က တိုင်းဒေသကြီး အတွင်း ထုတ်လုပ်မှု၊ ၀န်ဆောင်မှု၊ ကုန်သွယ်မှုပေါင်း(၅၁၉)သင်းရှိကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာ တွင် စက်ကိရိယားအခက်အခဲရှိသည့် တောင်သူများကို စက်ကိရိယာအသုံးပြုနိုင်ရန် ဆောင်ရွက်ပေးနိုင် ခြင်း၊ အသင်းသားတောင်သူများ အချိန်မီစိုက်ပျိုးထွန်ယက်နိုင်ခြင်း၊ စံပြလယ်ယာကွက်များ ဖော်ထုတ် နိုင်ပြီး လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရေး တွင်ကျယ်စွာလုပ်ကိုင် ဆောင်ရွက်လာနိုင်မှာဖြစ်ကြောင်း၊ လုပ်ကွယ်တောင်သူများအတွက်လည်း အားကိုးအားထားပြုနိုင်သည့် လယ်ယာဝန်ဆောင်မှုလုပ်ငန်းတွေ ထွန်းကားလာမှာဖြစ်ကြောင်း၊ ဒါ့အပြင်နိုင်ငံ့စီးပွားမြှင့်တင်ရေး အတွက် တောင်သူလယ်ယာများ၏ လယ်ယာစီးပွားရေး မြင့်မားလာရေးသည် အဓိကအရေးကြီးသော အခန်းကဏ္ဍမှပါဝင်နေပြီး စိုက်ပျိုးရေးဦးစီးဌာန ကတောင်သူလယ်သမားများ၏ စိုက်ပျိုးထုတ်လုပ်မှု စွမ်းအားမြှင့်မားစေရေး ကူညီဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးအတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လယ်(၁)ဧကအထွက်နှုန်းတိုးစေရေး စပါးစိုက် တောင်သူ(၆၇၉)ဦး၊ လယ်စိုက်ဧက(၆၀၄၀)အတွက် လယ်(၁)ဧကလျှင် ကျပ်(၂)သိန်းနှုန်းနှင့်ညီမျှသော မျိုးစပါးနှင့် သွင်းအားစုကျပ် (၁၂၀၈.၀၀)သန်းဘိုးကို လုပ်ထုံးလုပ်နည်းနှင့်အညီ ပံ့ပိုးမတည်ပေးနိုင် ခဲ့ကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှုမြှင့်မားရေးဆောင်ရွက်ရာတွင် နိုင်ငံတော်ကကူညီပံ့ပိုးပေးမှု၊ စိုက်ပျိုးရေး ဦးစီးဌာနကနည်းပညာ၊ အသိပညာများ ဖြန့်ဝေပေးမှုများ အရေးကြီးသကဲ့သို့ လက်တွေ့စိုက်ပျိုးရေးကို ဆောင်ရွက်နေကြသည့် တောင်သူများအနေဖြင့် နည်းလမ်းမှန်ကန်စွာ စိုက်ပျိုးတတ်ရန် အထွက်နှုန်းတိုး မည့် မျိုးကောင်းမျိုးသန့်တွေကိုပြောင်းလဲစိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးထုတ်လုပ်မှု စွမ်းအားမြှင့်မားလာပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးသည်လည်း မြင့်မားလာမှာဖြစ်ကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်က တိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီအစဉ်ဖြင့် ထားဝယ်ခရိုင် ဆန်ကုန်သည်ကြီးများအသင်းနှင့်ပူးပေါင်းပြီး ဆန်နဲ့စားအုန်းဆီတွေကိုလည်း ရောင်းချပေးလျက်ရှိ ကြောင်း ပြောကြားသည်။

အစည်းအဝေးသို့ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးသက်နိုင်၊ တိုင်းဒေသကြီးလမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်နှင့်တာဝန်ရှိသူများ၊ သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌနှင့် မြို့နယ် အသင်းစုအမှုဆောင်များက စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)

တနင်္သာရီတိုင်းဒေသကြီး

အခြားသတင်းများ
DRD Smart Village
Install App for Better Experience