သတင်း

ကြံခင်းမြို့နယ် နေကြာစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းသားများနှင့် တွေ့ဆုံပွဲအခမ်းအနား ကျင်းပ

2024-08-26

ကြံခင်း ဩဂုတ် ၂၆

          ဧရာဝတီတိုင်းဒေသကြီး၊ သမဝါယမဦးစီးမှူးနှင့် ကြံခင်းမြို့နယ်နေကြာစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းသားများ တွေ့ဆုံပွဲအခမ်းအနားကို ဩဂုတ် ၂၃ ရက်က မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးသောင်းထွဋ်လွင်က အဖွင့်အမှာ စကားပြောကြားပြီး တိုင်းဒေသကြီးသမဝါယမဦးစီးမှူးဦးစိုင်းကျော်မင်းက သမဝါယမအသင်းသား တောင်သူများ လူမှုစီးပွားဘဝမြင့်မားရေး၊ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍမြင့်မားရေးနှင့် မိုးနေကြာ စိုက်ပျိုးထုတ်လုပ်မှု ပန်းတိုင်အထွက်နှုန်းပြည့်မီရေး ကြိုးစားဆောင်ရွက်ကြဖို့ တိုက်တွန်းပြောကြား ခဲ့သည်။

          ဆက်လက်ပြီး မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်သန္တာက မိုးနေကြာ စိုက်ပျိုးထုတ်လုပ်မှုနှင့် မြို့နယ်နေကြာစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း၏ ချေးငွေလုပ်ငန်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။ ယင်းနောက် ဝါးခယ်မမြို့နယ် နေကြာစိုက်ပျိုးရေး ပညာရှင်ဦးဝင်းဗိုလ်မှ နေကြာစိုက်ပျိုးထုတ်လုပ်မှုအဆင့်ဆင့်အား ရှင်လင်းဆွေးနွေးပြီးနောက် တက်ရောက်လာကြသော နေကြာစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းသားတောင်သူများက သိလိုသောအချက်များကို မေးမြန်ကြရာတာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးကာ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

          တွေ့ဆုံပွဲအခမ်းအနားသို့ တိုင်းဒေသကြီးသမဝါယမဦးစီးမှူးဦးစိုင်းကျော်မင်း၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးသောင်းထွဋ်လွင်၊ ဝါးခယ်မမြို့နယ်နေကြာ စိုက်ပျိုးရေးပညာရှင် ဦးဝင်းဗိုလ်၊ မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးအရာရှိဒေါ်သန္တာနှင့် မြို့နယ်နေကြာစိုက်ပျိုး ထုတ်လုပ်ရေးသမဝါယမအသင်း(၁၂)သင်းမှ အသင်းသားတောင်သူများတက်ရောက်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

ဧရာဝတီတိုင်းဒေသကြီး

အခြားသတင်းများ
DRD Smart Village
Install App for Better Experience