သတင်း

သမဝါယမအသင်းသားတောင်သူများ စိုက်ပျိုးထားသော မိုးစပါးစိုက်ခင်းများသို့ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

2024-08-25

ကြို့ပင်ကောက် ဩဂုတ် ၂၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၊ ဂုမ္မကွင်းကျေးရွာအုပ်စု၊ ဂုမ္မကွင်းအရှေ့စုကျေးရွာမှ သမဝါယမအသင်းသားတောင်သူများ စိုက်ပျိုးထားသည့် အောင်မြင် ဖြစ်ထွန်းနေသော မိုးစပါးစိုက်ခင်းများသို့ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တာဝန် ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဂုမ္မကွင်းစိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းတွင် အသင်းသားတောင်သူ ၃၂ ဦးမှ လယ် ၁၅၅ ဧကတွင် ဆင်းသုခစပါးမျိုးအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှင့်ညီမျှသော စိုက်ပျိုးရေးသွင်းအားစုများဖြင့် အောင်မြင်ဖြစ်ထွန်းစွာ စိုက်ပျိုး ထားရှိကာ ယခင်နှစ်က အထွက်နှုန်းထက်ပိုမိုထွက်ရှိမည်ဟု မျှော်လင့်ထားကြောင်း သမဝါယမ အသင်းသားတောင်သူဦးဝင်းက ပြောသည်။

ကြို့ပင်ကောက်မြို့တွင် ကျေးရွာစိုက်ပျိုးရေးသမဝါယမအသင်း ၉ သင်းတွင် တောင်သူ ၂၁၅ ဦးမှ လယ်ဧက ၁၂၅၀ တွင် ဆင်းသုခစပါးမျိုးများ စိုက်ပျိုးထားကြောင်း တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှင့်ညီမျှသော စိုက်ပျိုးရေးသွင်းအားစု ယူရီးယာဓာတ်မြေဩဇာတစ်အိတ်နှင့် ဆယ့်ငါးပတ်လည် ကွန်ပေါင်းတစ်အိတ်တို့အား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထောက်ပံ့ပေး ထားပြီး မိုးစပါးသီးနှံပေါ်ချိန်တွင် မြို့နယ်သမဝါယမအသင်းစုလီမိတက်သို့ ငွေကျပ်နှစ်သိန်းအား ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)

ပဲခူးတိုင်းဒေသကြီး

အခြားသတင်းများ
DRD Smart Village
Install App for Better Experience