သတင်း

ထောပတ်သီးပင် စနစ်တကျ အပင်ပြုစုခြင်းနှင့် မြေဩဇာကျွေးခြင်း

2024-03-09

အပင်များပြုစုခြင်း

 

  • စီးပွားဖြစ်စိုက်ပျိုးရာတွင် ၄ - ၅ မီတာအမြင့်အထိသာရှိစေရန် ပုံမှန်ကိုင်းဖြတ်ပြုပြင်ပေးရသည်။ သို့မှသာ ဆေးဖျန်းခြင်းနှင့် ဆွတ်ခူးခြင်းတို့ကို လွယ်ကူစေသည်။ ထို့အပြင် အစေ့မှစိုက်ပျိုးသောထောပတ်ပင်များကို မပြုစုဘဲ သဘာဝအလျောက်ထားမည်ဆိုပါက အပင်များသည် ၁၀ မှ ၁၅ မီတာအထိ မြင့်အောင်ကြီးထွားသောကြောင့် ဖြစ်သည်။
  • ထောပတ်သီးပင်များ စိုက်ပျိုးပြီးနောက် ပထမဆုံးအကြိမ် တစ်မီတာကျော်မြင့်လာပါက အပင်အမြင့် တစ်မီတာသာထားပြီး ခေါင်ညွန့်ကိုဖြတ်ပေးပါ။ ထွက်လာသောဘေးတက်များကို ၃ - ၄ တက်သာထား၍ သေးသောကိုင်းနှင့် အတွင်းဘက်လှည့်သော ကိုင်းများကို ဖြတ်ပေးပါ။ ၎င်းတို့သည် နောက်ပိုင်းတွင် 'အကိုင်းမ'ကြီးများ ဖြစ်လာမည်။ 
  • ထောပတ်ပင်သည် အလွန်အကြီးမြန်ပြီး တစ်နှစ်တွင် တစ်မီတာမျှပင် မြင့်တက်နိုင်သည်။ အချို့စိုက်ပျိုးသူများသည် ပန်းမပွင့်မီ ၂ လခန့်တွင် အထက်သို့တက်သော အကိုင်းများအပြင် အတွင်းဘက်လှည့်သော အကိုင်းများနှင့် ဘေးသို့သိပ်ထွက်လာသောအကိုင်းများကိုပါ ဖြတ်ကြသည်။ ထိုကဲ့သို့ဖြတ်ပေးခြင်းဖြင့် အပင်သည် နေရောင်များစွာရသဖြင့် အသီးပိုမိုသီးသည်။
  • အရွယ်ရောက်သော ထောပတ်ပင်များသည် တစ်ပင်တွင် အသီး ၁၅၀ မှ ၂၀၀ အထိသာ တင်သောကြောင့် ဤကဲ့သို့ စိပ်စိပ်စိုက်ခြင်းဖြင့် ကောင်းစွာပြုစုပြီး ဆွတ်ခူးနိုင်သောကြောင့် အရည်အသွေးကောင်းမွန်သော အသီးများကို အထွက်နှုန်းများစွာ ရရှိနိုင်သည်။ 
  • ထောပတ်ပင်သည် သီးကင်းဝင်ချိန်နှင့် အသီးကြီးထွားချိန်တွင် ရေလိုအပ်ဆုံးအချိန်ဖြစ်သည်။ သီးကင်းဝင်ချိန်သည် ခြောက်သွေ့သောရာသီဖြစ်၍ ရေရရှိနိုင်လျှင် (၁)ပတ် တစ်ကြိမ်သွင်းပေးရမည်။ အသီးကြီးထွားချိန်သည် မိုးရာသီဖြစ်၍ ရေသွင်းရန်မလိုအပ်ပါ။ အပင်များ၏မြေတွင်းအစိုဓာတ်ထိန်းနိုင်ရန် ကောက်ရိုး၊ မြက်ခြောက် စသည်တို့ဖြင့် ဖုံးအုပ်ပေးပါ။

 

သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာကျွေးခြင်း

  • ထောပတ်ပင်များကို သဘာဝနည်းဖြင့် စိုက်ပျိုးမည်ဆိုပါက တိရစ္ဆာန်ချေးများ၊ မြေဆွေးများ၊ တီကျစ်စာမြေဆွေးများကို တစ်နှစ်လျှင် သုံးကြိမ်ကျွေးရမည်။ တစ်ကြိမ်လျှင် အပင်တစ်ပင်အား ၁ တင်းမှ ၂ တင်း ကျွေးနိုင်သည်။
  • အပင်ကြီးလာသည့်အလျောက် မြေဆွေးများကိုတိုး၍ ကျွေးသွားရမည်ဖြစ်သည်။ အနည်းလိုအာဟာရများဖြစ်သော မန်ဂနိ၊ သွပ်၊ ကြေးနီ၊ မဂ္ဂနီဆီယမ်၊ ကန့် စသည်တို့ကို ရွက်ဖျန်းမြေဩဇာအဖြစ်ကျွေးပြီး မီးစုန်းဓာတ်နှင့် နိုက်ထရိုဂျင်ဓာတ်အတွက် အရိုးမှုန့်ကို မြေတွင်းထည့်ပေးရမည်ဖြစ်သည်။ 
  • အကယ်၍ ဓာတ်မြေဩဇာကို အသုံးပြုမည်ဆိုပါကလည်း သဘာဝမြေဆွေးများဖြင့်ရော၍ ကျွေးပေးနိုင်သည်။ 
  • စစိုက်ချိန်၌ မြေဆွေး ၁၀ - ၁၅ ကီလိုဂရမ်နှင့် ၁၆:၁၆:၁၆ ကွန်ပေါင်းမြေဩဇာ ၁၀၀ ဂရမ်ကို စိုက်ကျင်းထဲသို့ ထည့်ပြီးစိုက်ပါ။ 
  • ထို့နောက် ၎င်းကွန်ပေါင်းဓာတ်မြေဩဇာ ၁၀၀ ဂရမ်ကို ၄ လလျှင်တစ်ကြိမ် အပင်ခြေနှင့် တစ်ပေခွာပြီး ကျင်းတူး၍ ကျွေးပါ။
  • အပင်များကြီးလာသောအခါ ဓာတ်မြေဩဇာများကို ၂၀၀ ဂရမ် အထိတိုးပြီး ရွက်အုပ်အကွာတွင်ကျွေးပေးပါ။
  • အသီးကောင်းကောင်းသီးသောအခါတွင် ၂:၁:၄ နှုန်း (နိုက်ထရိုဂျင်: ဖော့စဖရပ်: ပိုတက်ဆီယမ်) ဓာတ်မြေဩဇာကို တစ်ပင်လျှင် ၂ ကီလိုဂရမ်နှုန်း တစ်နှစ်လျှင် ၃ ကြိမ်ကျွေးပေးပါ။
  •  

အခြားသတင်းများ
DRD Smart Village
Install App for Better Experience