သတင်း

စပါးသီးနှံတွင်ကျရောက်တတ်သောဖျက်ပိုးများ

2024-03-09

အမည်                                 ‒  (၁)ရွှေခရု (Golden apple snail)
ရောဂါပိုးဖြစ်စေသောသက်ရှိ   ‒  Pomacea Canaliculata Lamara

လက္ခဏာရပ်

အဝါရောင်နှင့် အညိုရောင်ဥခွံ (သို့) အစိမ်းရင့်ရောင်နှင့် အနက်ရောင် ရောနေသော ဥခွံပါသော Pila Scutataနှင့် ဆင်တူသည်။ ရေနှင့်ထိနေသော အပင်တစ်လျှောက် တစ်ကြိမ်ဥလျှင်ဥ (၄၀၀) မှ (၃၀၀၀) အထိဥသည်။ သေးငယ်ပြီး ပန်းရောင်ရှိသော ဥများသည် (၇-၁၂) ရက်အတွင်းပေါက်ပြီး ပင်ပွားထွက်သည့်အဆင့် မရောက်မီ ပျိုးပင်လေးများကိုစတင်စားသည်။

ကာကွယ်နှိမ်နှင်းနည်း

ခရုများကို စု၍စပါးခင်းမှဝေးရာသို့ ဖယ်ထုတ်ပါ။ စပါးခင်းအတွင်း ရေဝင်ပေါက်တွင် အတားအဆီးပစ္စည်းသုံးပါ။ခရုဥ ဥစေရန် ကန်သင်းပတ်လည် (၁၀) မီတာတွင် သစ်သားတိုင်များပြုလုပ်ထားပြီး ခရုနှင့်ဥများကို ဖျက်ဆီးပါ။ခရုအလေ့အထများကို ပျက်စေရန် စပါးပြောင်းရွှေ့စိုက်ပြီး ရေထုတ်ပါ။စပါးပင်သန်မာ၍ ဖျက်ဆီးမှုခံနိုင်ရည်ရှိပါက ရေပြန်သွင်းပါ။ (Open billed stork) ကဲ့သို့သဘာဝရန်သူများကို မွေးမြူပါ။ခရုနှိမ်နှင်းရန်ဆေးကို စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ခံထားသော အခြားနည်းလမ်းများအတိုင်း ရွေးချယ်ပါ။

(၂)အမည်                          ‒  လယ်ဂဏန်း
ရောဂါပိုးဖြစ်စေသောသက်ရှိ ‒ Rice field Crab (Esamthelphusa spp. Sayamiaspp)

လက္ခဏာရပ်

လယ်ဂဏန်းသည် ကန်သင်းတစ်လျှောက် အပေါက်တူးရန် ကြိုက်နှစ်သက်သည်။ ခန္ဓာကိုယ်သည် (၃-၈) စင်တီမီတာ ရှည်ပြီး အခွံမှာအနက်ရောင်ဖြစ်သည်။

ကျရောက်ချိန်

ပျိုးပင်အဆင့်တွင် စတင်ဖျက်ဆီးပြီးပြောင်းရွှေ့စိုက်ပျိုးသည့်အဆင့်အထိအပင်ခြေမှမြေပြင်အထက်(၃.၅)စင်တီမီတာခန့်တွင်အပင်အခြမှကိုက်ဖြတ်သည်။ဂဏန်းဖျက်ဆီးသည့်အကွက်များကိုတွေ့ရသည်။

ကာကွယ်နှိမ်နှင်းနည်း

ဂဏန်းတွင်းပေါက်(သို့)ရေလမ်းကြောင်းတစ်လျှောက် ငါးထောင်ခြောက်များသုံးပါ။ငါးပုပ်အစာတုံးထည့်ထားပါ။ဂဏန်းများကိုစုပြီး စပါးခင်းအပြင်ဘက်သို့ ဖယ်ထုတ်ပါပြောင်းရွှေ့စိုက်ပြီးနောက်ရေထုတ်ပါ။လယ်ဂဏန်းကာကွယ်နှိမ်နင်းရန်ဆေးကို ထောက်ခံထားသောနည်းလမ်းများအတိုင်း ရွေးချယ်သုံးစွဲပါ။

(၃)အမည်                            ‒   ငှက်
ရောဂါပိုးဖြစ်စေသောသက်ရှိ   ‒ LochuraPunctul 

 

လက္ခဏာရပ်
ငှက်သည်(Spotted munia)ကဲ့သို့အရေးကြီးသောဖျက်ပိုးတစ်မျိုးဖြစ်သည်။

ကျရောက်ချိန်

စပါးနို့ရည်တည်ချိန်မှရိတ်သိမ်းချိန်အထိစပါးနှံများကိုနှုတ်သီးဖြင့်ဖြတ်သည်။

ကာကွယ်နှိမ်နှင်းနည်း
ငှက်ဖျက်ဆီးမှု လျှော့ချရန် စိုက်ခင်းအများစု၏ ဖုံးတုံးလုံးတုံးနှင့် အနှံထွက်သည့် အဆင့်တူသင့်သည်။ ပေါင်းစေ့များသည် ငှက်အစာများဖြစ်၍ ပေါင်းနှိမ်နင်းရမည်။ငှက်များကို လူ(သို့)    စာခြောက်ရုပ်နှင့် ခြောက်လှန့်ပါ။ မှန်ကဲ့သို့ရောင် ပြန်ပစ္စည်းများကိုသုံးပါ။ ငှက်နှိမ်နင်းရန်ဆေးများကို စိုက်ပျိုးရေးဦးစီးဌာနမှထောက်ခံထားသော နည်းလမ်းများအတိုင်းသုံးပါ။

 

(၄)အမည် ‒  ကြွက်

 

လက္ခဏာရပ်
ကြွက်သည်သွားများကိုသုံး၍ဖျက်ဆီးသောအဓိကဖျက်ပိုးဖြစ်သည်။

ကာကွယ်နှိမ်နှင်းနည်း

 

ကြွက်ဦးရေကိုလျှော့ချရန်နှင့် ကြွက်ဖျက်ဆီးမှုကိုထိန်းသိမ်းရန် စိုက်ချိန်မှရိတ်သိမ်းချိန်အတွင်း အစာအဆိပ်တုံးချပါ။ စပါးခင်းပတ်လည်နှင့် အနီးပတ်ဝန်းကျင်ရှိပေါင်းများကို နှိမ်နင်းပါ။ကြွက်ထောင်ချောက်များနှင့် အခြားနည်းလမ်းများပြုလုပ်ပါ။ ဇီးကွက်၊ လင်ကောင်ပိုး၊ သိမ်းငှက်၊ မြွေပါနှင့်မြွေကဲ့သို့ ဖျက်ပိုးများစားသောက်သော သဘာဝရန်သူများသုံး၍ နှိမ်နင်းပါ။ကြွက်ခြေရာလက်ရာများ (သို့) ကြွက်ကျရောက်နေလျှင် ကြွက်ထောင်ချောက်(သို့)ကြွက်အစာအဆိပ်ထုံးထည့်ထားသော ထောင်ချောက်သုံး၍နှိမ်နှင်းပါ။

အခြားသတင်းများ
DRD Smart Village
Install App for Better Experience