ရေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး (WASH)
2024-03-19
လူတိုင်းအတွက် ဘေးကင်းသောရေနှင့် သန့်ရှင်းရေးစနစ်ရရှိနိုင်ခြင်းမှာ အရေးပါလှသည်။
ကလေးသူငယ်များအနေဖြင့် ရှင်သန်ရပ်တည်နိုင်ရန်အတွက် ဘေးကင်းသောရေ၊ အခြေခံအိမ်သာများ နှင့် ကောင်းမွန်သောတစ်ကိုယ်ရေသန့်ရှင်းရေးစနစ်လိုအပ်သည်။
သို့ရာတွင် ကမ္ဘာ့ကပ်ရောဂါကြောင့်သာမက၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်တပ်၏အာဏာ သိမ်းယူမှုနောက်ပိုင်း၌ ထောက်ပံ့ရေးလမ်းကြောင်းများ၊ ဘဏ်စနစ်နှင့် လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ အခွင့်အလမ်းများကို ဖျက်စီးနှောက်ယှက်ခံရမှုကြောင့် ကောင်းမွန်သောရေ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး ဝန်ဆောင်များမှာ ခြိမ်ခြောက်ခံရလျက်ရှိသည်။
ကောင်းမွန်သောရေ၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေးဝန်ဆောင်မှုများ မြင့်မားလာစေရေး အလုပ်ကို လွန်ခဲ့သည့်နှစ်ပေါင်း (၂၀) ကပင် စတင်ခဲ့သည့်အတွက်၊ မိသားစု (၈၂) ရာခိုင်နှုန်းခန့်သည် အနည်းဆုံး အခြေခံသောက်ရေများရရှိလာကြပြီး၊ ၄၁ ရာခိုင်နှုန်းမှာ ဘေးကင်းစွာစီမံထားသောဝန်ဆောင်မှုကို အသုံးပြုနေ ကြသည်။
သို့သော် ကလေးသူငယ် (၃) သန်းအပါအဝင် ပြည်သူ (၉) သန်းသည် အခြေခံသောက်သုံးရေစနစ်ကိုပင် ရရှိနိုင်ခြင်းမရှိသေးပါ။
- စာသင်ကျောင်း (၄) ကျောင်းတွင် (၁) ကျောင်းခန့်သည် အခြေခံသောက်သုံးရေထောက်ပံ့မှုကို အကန့် အသတ်ဖြင့်သာ သို့မဟုတ် လုံးဝမရရှိပေ။
- စာသင်ကျောင်း (၁၀) ကျောင်းတွင် (၄) ကျောင်းသည် အခြေခံပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရေ သန့်ရှင်းရေးဆိုင်ရာဝန်ဆောင်မှုများကို အကန့်အသတ်ဖြင့်သာ သို့မဟုတ် လုံးဝမရရှိပေ။
- ရေ၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေးစနစ်ကိုဆောင်ကျဉ်းပေးခြင်းသည် ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုပေးသည့်နေရာများ၌ စိန်ခေါ်မှုတစ်ခုလည်းဖြစ်နေပြီး၊ မွေးကင်းစကလေး သေဆုံးမှုများကို ပိုမိုခြိမ်းခြောက်လျက်ရှိသည်။
ဆင်းရဲမွဲတေမှုနှင့် သောက်သုံးရေ၏ကုန်ကျစရိတ်
- နိုင်ငံလုံးဆိုင်ရာဆင်းရဲမွဲတေမှုနှုန်းသည် ကမ္ဘာ့ကပ်ရောဂါစတင်သည့်အချိန်ကတည်းကပင် မြင့်တက်လာ ခဲ့သည်။
- လက်ရှိအကြပ်အတည်းကလည်း မြို့ပြနှင့် ကျေးလက်နေပြည်သူနှစ်ရပ်စလုံး၏ ကျန်းမာရေး အပေါ် ပြင်းထန်သည့်ခြိမ်းခြောက်မှုပင်ဖြစ်သည်။
- အမေရိကန်ဒေါ်လာ ဝ.၂၈ မှ ဝ.၃၆ ကြားကုန်ကျသည့် ၂၀ လီတာ ရေဘူးတစ်ဘူးကို မြို့ပြနေ ဆင်းရဲသောလူထုက ဝယ်ယူနိုင်ရန်ခက်ခဲပြီး၊ သန့်ရှင်းသောရေရရှိရန် ပိုမိုခက်ခဲလာသည်။ တရားဝင်မဟုတ်သောနေရာများ (ကျူးကျော်ရပ်ကွက်) များတွင်နေထိုင်ကြသည့် အိမ်ထောင်စု များသည် သန့်ရှင်းသောသောက်သုံးရေအပေါ် သူတို့လစဉ်ဝင်ငွေ၏ အမေရိကန်ဒေါ်လာ ၆ - ၁၂ ဒေါ်လာကြားသာ အများဆုံးသုံးစွဲနိုင်ပါသည်။
- ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စခန်းများတွင် နေထိုင်ကြသည့် နေရပ်စွန့်ခွာထွက်ပြေးသူမိသားစုများနှင့် ကလေးသူငယ်များသည် ဘေးကင်းသောရေကို မရရှိ နိုင်သည့်အပြင်၊ ရေဘူးဝယ်ရန်အတွက် ဘဏ်စနစ်များကိုလည်း အသုံးမပြုနိုင်ပေ။
ရေ၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေး (WASH)နှင့် ရောဂါ
-
ဘေးမကင်းသောရေကို သောက်သုံးနေကြသည့်ပြည်သူများစွာအတွက် ရေတွင်ပေါက်ဖွားသည့် ရောဂါများ ဖြစ်ပွားလာနိုင်ချေရှိသည့် စိုးရိမ်မှုသည် မြင့်တက်လျက်ရှိသည်။
- ပြည်သူလူဦးရေ ခန့်မှန်းခြေ (၉၁၄,၀၀၀) သည် အထွေထွေကျန်းမာရေးအတွက်မျှသာမဟုတ်ဘဲ၊ ကိုဗစ်-၁၉ ပြန့်ပွားမှုမှ မိမိကိုယ်ကိုယ်မိမိ ကာကွယ်နိုင်စေရန်အတွက် ဘေးကင်းသော ရေ၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာဝန်ဆောင်မှုများကို လိုအပ်ပါသည်။
- လက်ရှိအကြပ်အတည်းက ကလေးသူငယ်အမြောက်အများပါဝင်သည့် နောက်ထပ် ပြည်သူပေါင်း (၂၀၀,၀၀၀) ကို နေရပ်စွန့်ခွာထွက်ပြေးရစေပြီး၊ ထိုသူများသည် ရေ၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရေ သန့်ရှင်းရေးအထောက်အပံ့ပစ္စည်းများကို အရေးတကြီးလိုအပ်နေကြပါသည်။
ရေ၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေး (WASH)နှင့် အထိခိုက်ခံပြည်သူများ
ပဋိပက္ခများနှင့် သဘာဝဘေးအန္တရာယ်များသည် ကလေးသူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီး ရွယ်အိုများနှင့် မသန်စွမ်းပုဂ္ဂိုလ်များ၏ ကျန်းမာရေးအပေါ် အကြီးမားဆုံးခြိမ်းခြောက်မှုပင် ဖြစ်သည်။ အပြင်းထန်ဆုံးသောခြိမ်းခြောက်မှုမှာ အကြမ်းဖက်မှုမဟုတ်ဘဲ၊ အခြေခံရေနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေး ဝန်ဆောင်မှုများကင်းမဲ့ခြင်းပင်ဖြစ်သည်။
- မြန်မာကဲ့သို့ အရေးပေါ်အကြပ်အတည်းဆိုက်နေသည့်နိုင်ငံများတွင် သုတေသနအဆိုအရ အသက် ၅ နှစ် အောက်ကလေးသူငယ်များသည် အကြမ်းဖက်သည့်ပဋိပက္ခထက်စာလျှင် ဘေးမကင်းသောရေကြောင့် ဖြစ်သည့် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သေဆုံးနိုင်ချေ အဆ (၂၀) ပိုများပါသည်။

ဖြေရှင်းနည်း
ကမ္ဘာ့ကပ်ရောဂါ၏ပထမနှစ်နှင့် ပြီးခဲ့သည့်နှစ်ပေါင်း (၂၀) ကျော်အတွင်း ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ အတွင်းရှိ ရေ၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာဝန်ဆောင်မှုများတွင် အကြိတ်အနယ် ကြိုးစား ရယူထားရသည့်တိုးတက်မှုများကို ထိန်းသိမ်းနိုင်ရန် UNICEF အနေဖြင့် ဆောင်ရွက်လျက်ရှိသည်။ သို့ရာတွင် ထိုတိုးတက်မှုသည် ယခုအခါတွင် အလွန်ပြင်းထန်သည့်ဖိအားအောက်၌ ရှိနေသည်။
ထိုကြောင့် ကျွန်ပ်တို့အနေဖြင့် မိတ်ဖက်အဖွဲ့အစည်းများနှင့်လက်တွဲ၍၊ မြို့တော်များ၊ နေရပ်စွန့်ခွာ ထွက်ပြေးကြရသူများအတွက်စခန်းများ၊ ပဋိပက္ခဒဏ်သင့်လူထုအသိုင်းအဝိုင်းများနှင့် လက်ရှိတွင် စစ် အုပ်ချုပ် ရေးလက်အောက်ရှိ ဒေသများအပါအဝင် ရောက်ရှိရန်ခက်ခဲသည့်နယ်မြေများရှိ အထိခိုက်ခံ ရဆုံးသော သူများ အဆင်းရဲဆုံးကလေးများကို ရေ၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ ဝန်ဆောင်မှုများပေးနိုင်ရန် ဦးတည်လုပ်ဆောင်လျက်ရှိသည်။
- မြို့ပြဒေသများတွင် ကျွန်ပ်တို့အနေဖြင့် မိတ်ဖက်အဖွဲ့အစည်းများနှင့်လက်တွဲ၍ ဘေးကင်းသော သောက်ရေများကို ကနဦးလူဦးရေ (၅၀,၀၀၀) ခန့်ဆီသို့ဖြန့်ဝေနိုင်အောင် လုပ်ဆောင်နေပါသည်။
- ရှမ်းပြည်နယ်နှင့် မကွေးတိုင်းကဲ့သို့ နေရာများရှိ ကျေးလက်ဒေသများတွင် ကျွန်ပ်တို့အနေဖြင့် လူထုကို ရေပေးဝေမှုစနစ်များနှင့် ပံ့ပိုးပေးနေပြီး၊ uPVC ပိုက်များနှင့် ဆိုလာစွမ်းအင်သုံးရေ စနစ်များကဲ့သို့ အရေးပါလှသည့်ပံ့ပိုးမှုများကို ရရှိအောင်ကူညီလျက်ရှိသည့်အပြင်၊ နည်းပညာဆိုင်ရာအကြံဉာဏ်များ ကိုလည်း ပေးနေပါသည်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်း
- ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့ရှိ ပဋိပက္ခဒဏ်သင့်လူထု အသိုင်း အဝိုင်းများနှင့် စခန်းများမှ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးသူ (၁၀၀,၀၀၀) ကျော် အတွက် အသက်ကို ကယ်တင်နိုင်သော ရေနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးအတွက်အရေးကြီးသည့်ပစ္စည်းများကို ကြိုတင် လျာထားပြီးဖြစ်သည်။
- ပဋိပက္ခဒဏ်ကို လောလောလတ်လတ်ခံထားရသည့်ဒေသများတွင် ကျွန်ပ်တို့နှင့် ကျွန်ပ်တို့၏ မိတ်ဖက် အဖွဲ့အစည်းများသည် အရေးကြီးသော ရေ၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေး ဆိုင်ရာ အထောက်အပံ့ပစ္စည်းများကို ဆောင်ကျဉ်းပေးနေပြီး၊ အရေးပေါ်အိမ်သာများနှင့် လက်ဆေးနိုင်သည့် နေရာများကိုလည်း တပ်ဆင်ပေးနေပါသည်။