သတင်း

ရေသန့်စင်နည်းစနစ်များ လက်တွေ့ဆောင်ရွက်ခြင်းသင်တန်းနှင့် သတင်းနှင့်ဆောင်းပါးရေးသားနည်းသင်တန်းဖွင့်ပွဲကျင်းပ

2025-02-24

နေပြည်တော် ဖေဖော်ဝါရီ ၂၄

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက  ရေသန့်စင်နည်းစနစ်များ လက်တွေ့ဆောင်ရွက်ခြင်းသင်တန်းနှင့် သတင်းနှင့်ဆောင်းပါးရေးသားနည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၄ ရက်နေ့ နံနက်၀၉:၃၀နာရီအချိန်က နေပြည်တော်ရှိ ရုံးအမှတ်(၃၆-B) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦး‌သိန်းလွင်က ကျေးလက်ဦးစီးဌာနအနေဖြင့် သန့်ရှင်းသော ရေအရည်အသွေးကိုမြှင့်တင်ရန်အတွက် Myanmar National Drinking Water Quality Standard 2019အရ စမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရေသန့်စင်စနစ်မှ ထွက်ရှိလာသော ရေနမူနာများအား သင်တန်းသား/သူများက စမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်သွားရမှာဖြစ်ပြီး သင်တန်းသား/သူများကိုနေပြည်တော်စည်ပင်သာယာရေးကော်မတီရှိ ရေသန့်စင်စနစ်များ၏ လက်တွေ့ ဆောင်ရွက်ချက်များအားသွားရောက်လေ့လာခြင်းများနှင့် သစ်တောသုတေသနဌာနရှိ ရေအရည်အသွေး စမ်းသပ်စစ်ဆေးခြင်း ဓာတ်ခွဲခန်းသို့ သွားရောက်လေ့လာခြင်းများ ဆောင်ရွက်စေခြင်း၊ ရေအရည် အသွေးစမ်း သပ်စစ်ဆေးခြင်းနဲ့ ရေသန့်စင်နည်းစနစ်များနဲ့ပတ်သတ်၍ တာဝန်ယူဆောင်ရွက်နေရတဲ့ ဝန်ထမ်းများအား ကျွမ်းကျင်မှုရှိလာစေရန်နဲ့ ပြန်လည်ပို့ချနိုင်ရန် ရည်ရွယ်ပါကြောင်း၊

အလားတူ မိမိတို့ဦးစီးဌာနက ဆောင်ရွက်တဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အများပြည်သူထံ အချိန်နှင့် တပြေးညီ သတင်းမှန်ဖြန့်ဝေပေးဖို့လည်း အရေးတကြီးလိုအပ်ပါကြောင်း၊ မိမိတို့ရဲ့ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ချက်တွေ၊ ပြည်သူကို ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေကို အများပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင် အောင် နိုင်ငံပိုင်/ပုဂ္ဂလိကပိုင်သတင်းစာ၊ ဂျာနယ်နဲ့ ရုပ်မြင်သံကြားသတင်း အစီအစဉ်တွေမှာ ထည့်သွင်း ဖော်ပြဆောင်ရွက်ဖို့လည်း လိုအပ်ပါကြောင်း၊ ဒါမှသာ မိမိတို့ရဲ့လုပ်ငန်း ဆောင်ရွက်မှုအဆင့်ဆင့်ကို ပြည်သူများ နားလည်သဘောပေါက်သိရှိလာပြီး မိမိတို့ရဲ့ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်လာမှာဖြစ်ပါကြောင်းနှင့် ဝန်ကြီးဌာန၊ ဦးစီးဌာန၏ မူဝါဒ၊ ရည်ရွယ်ချက်၊ ရည်မှန်းချက်များ ပိုမိုထိရောက်အောင် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်း ဆောင်ရွက်ချက်များကို အများပြည်သူများသိရှိစေရန် သတင်းဆောင်းပါးအဖြစ်ရေးသားပြီး နိုင်ငံပိုင်/ ပုဂ္ဂလိကပိုင် သတင်းစာ၊ဂျာနယ်များမှတဆင့်ဖော်ပြနိုင်ရန် ဒီသင်တန်းကို  ဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း” ထို့ကြောင့် သင်တန်းများတွင် သင်ကြားပို့ချမှုများကို ဂရုတစိုက်သင်ယူကြရန် အမှာစကားပြောကြား သည်။

ဆက်လက်ပြီး တက်ရောက်လာကြသည့် သင်တန်းသားတစ်ဦးချင်းစီမှ မိတ်ဆက်စကား ပြောကြား သည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားကို ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များမှ ရေသန့်စင်နည်းစနစ်များ လက်တွေ့ဆောင်ရွက်ခြင်းသင်တန်း တက်ရောက်သည့် သင်တန်းသား၊ သင်တန်းသူ(၂၅)ဦးနှင့် သတင်းနှင့် ဆောင်းပါးရေးသားနည်းသင်တန်း တက်ရောက်သည့် သင်တန်းသား၊ သင်တန်းသူ (၂၅)ဦး၊ စုစုပေါင်းသင်တန်းသား၊ သင်တန်းသူ(၅၀)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ(၂၄-၂-၂၀၂၅)ရက်နေ့မှ (၂၈-၂-၂၀၂၅)ရက်နေ့ထိ( ၅ )ရက်ကြာ စာတွေ့လက်တွေ့ ဖြင့် သင်ကြားပို့ချ‌ပေးမည် ဖြစ်ကြောင်းသိရသည်။

အခြားသတင်းများ