cloud

Smart Village

ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း

ရည်ရွယ်ချက်

ရည်ရွယ်ချက်

ခေတ်မီစံပြကျေးရွာ (SMART Village) ထူထောင်ရေးစီမံကိန်း၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

  • (က) ကျေးရွာအခြေခံအဆောက်အအုံများဖွံ့ဖြိုးစေခြင်းဖြင့် ကျေးလက်နေပြည်သူများ ၏ လူနေမှုအဆင့်အတန်း မြင့်မားလာစေရန်၊
  • (ခ) သွင်းအားစု၊ ငွေကြေးဝန်ဆောင်မှုနှင့် နည်းပညာများပံ့ပိုးပေးခြင်းဖြင့် ကျေးလက် စီးပွားရေး မြင့်မားလာစေရန်၊
  • (ဂ) သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသော နေချင့်စဖွယ်စံပြကျေးရွာများ ဖြစ်ပေါ်လာစေရန်၊
  • (ဃ) ကျေးရွာသူ/သားများနှင့် ကျေးရွာအသင်းအဖွဲ့များ စွမ်းဆောင်ရည်မြင့်မားလာစေ ခြင်းဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုကို ဖော်ဆောင်ရန်။

စီမံကိန်းဧရိယာ

စီမံကိန်းဧရိယာ

စီမံကိန်းအား ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် အားလုံးတွင် ဆောင်ရွက်ရန်ရည်မှန်းထားပြီး နယ်မြေတည်ငြိမ်အေးချမ်းမှု၊ ရန်ပုံငွေရရှိမှုတို့အပေါ်မူတည်၍ တိုးချဲ့ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ယေဘူဘျအားဖြင့် တည်ငြိမ်အေးချမ်းသော ပြည်နယ်/တိုင်းဒေသကြီး များတွင် နှစ်စဉ်ကျေးရွာ (၃) ရွာစီခန့် တိုးချဲ့အကောင်အထည်ဖော်သွား မည်ဖြစ်ပါသည်။

စီမံကိန်းကာလ

စီမံကိန်းကာလ

စီမံကိန်းအား ရွေးချယ်ထားသည့် စီမံကိန်းကျေးရွာများတွင် စတင်ဆောင်ရွက်သည့် ဘဏ္ဍာရေး နှစ်မှစတင်၍ (၅) နှစ်အထိ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ဆောင်ရွက်မည့်နည်းလမ်း

ဆောင်ရွက်မည့်နည်းလမ်း

ခေတ်မီစံပြကျေးရွာ (SMART Village) ထူထောင်ရေးစီမံကိန်းအား အောက်ဖော်ပြပါ နည်းလမ်း(၂)ရပ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါသည်−

  • (က) ပြည်သူဗဟိုပြုစနစ်ဖြင့်ကျေးရွာ၏လိုအပ်ချက်များဖော်ထုတ်၍ ကျေးရွာဖွံ့ဖြိုးရေး နှင့် မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊
  • (ခ) အစုအဖွဲ့၊ သမဝါယမစနစ်ဖြင့် ကျေးလက်စီးပွားရေးမြင့်မားရေး ဆောင်ရွက်ခြင်း။

ခေတ်မီစံပြကျေးရွာထူထောင်ရေးအဓိကလုပ်ငန်းစဉ်များ

ခေတ်မီစံပြကျေးရွာထူထောင်ရေးအဓိကလုပ်ငန်းစဉ်များ

ဒီဂျစ်တယ်နည်းပညာနှင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများကို အသုံးပြု၍ ခေတ်မီစံပြကျေးရွာ (SMART Village) ထူထောင်ရေးစီမံကိန်းအား အောက်ဖော်ပြပါ လုပ်ငန်းစဉ်များဖြင့် ဆောင်ရွက်သွားရမည် ဖြစ်ပါသည် −

  • (က) ကျေးရွာအခြေခံအဆောက်အအုံများဖွံ့ဖြိုးရေး၊
  • (ခ) သွင်းအားစုများနှင့် ငွေကြေးဝန်ဆောင်မှုများ ထောက်ပံ့ကူညီခြင်း၊
  • (ဂ) အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးနှင့် ကျေးရွာစီးပွားရေးမြင့်မားစေခြင်း၊
  • (ဃ) အသင်းအဖွဲ့များ ခိုင်မာအားကောင်းစေခြင်းနှင့် နည်းပညာဖြန့်ဖြူးခြင်း၊
  • (င) လူမှုကာကွယ်စောင့်ရှောက်ရေး၊
  • (စ) သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေး။

အကျိုးကျေးဇူး

အကျိုးကျေးဇူး

ခေတ်မီစံပြကျေးရွာ (SMART Village) ထူထောင်ရေးစီမံကိန်း ဆောင်ရွက်ခြင်းအားဖြင့် အောက်ဖော်ပြပါ အကျိုးကျေးဇူးများရရှိလာမည်ဖြစ်သည် −

  • (က) စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ ကုန်ထုတ်လုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုးလာစေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းရရှိစေခြင်း နှင့် မိသားစုများ ဝင်ငွေတိုးပွားစေခြင်း၊
  • (ခ) စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် ကဏ္ဍများအတွက် ကျေးရွာအခြေခံအဆောက်အအုံများဖွံ့ဖြိုးတိုးတက်လာပြီးလူနေမှုအဆင့်အတန်း မြင့်မားလာခြင်း၊
  • (ဂ) ကျေးလက်နှင့်မြို့ပြအကြား ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ၊ ဆက်သွယ်မှုများ စနစ်တကျ ပုံမှန်ချိတ်ဆက်ဆောင်ရွက်နိုင်စေခြင်း၊
  • (ဃ) ကျေးရွာစိတ်ဓာတ်၊ကိုယ့်အားကိုယ်ကိုးစိတ်ဓာတ်များရှင်သန်ပြီးကျေးရွာရှိအသင်း အဖွဲ့စနစ်များ ခိုင်မာအားကောင်း၍ တုံ့ပြန်နိုင်စွမ်းအားကောင်းသော လူ့အဖွဲ့ အစည်းများ ဖြစ်ပေါ်လာစေခြင်း။

စီမံကိန်းဧရိယာ

နေပြည်တော် အတွင်း ဆောင်ရွက်လျက်ရှိသော
ခေတ်မီစံပြကျေးရွာများ

စဉ် မြို့နယ် ကျေးရွာအမည် အိမ်ခြေ အိမ်ထောင်စု လူဦးရေ
စတင်သည့် ဘဏ္ဍာရေးနှစ် : 2022-2023
1 တပ်ကုန်း ဂွေးပင် 140 156 1084
2 ပျဉ်းမနား ကျွန်းဦး 230 282 1071
3 လယ်ဝေး သော်မှော်ကုန်း 196 201 620
စတင်သည့် ဘဏ္ဍာရေးနှစ် : 2023-2024
4 ဒက္ခိဏသီရိ ညောင်ကုန်း 272 272 1050
5 ပုဗ္ဗသီရိ အေးမြင့်သာယာ 521 521 1860
6 ဥတ္တရသီရိ ဇလောင်း(တ) 396 421 1733
စတင်သည့် ဘဏ္ဍာရေးနှစ် : 2024-2025
7 ဇေယျာသီရိ ကြို့ပင် 170 178 725
8 တပ်ကုန်း ရွှေဥဒေါင်း 281 281 750
9 ပျဉ်းမနား ဇောင်ချမ်းကုန်း 131 139 538
10 လယ်ဝေး ကြံခင်း 137 137 605
11 လယ်ဝေး ပျံချီ 412 448 730